မသန်စွမ်းသူများအတွက် ကျပ်သိန်း (၁၀၀) တန်ဖိုးရှိတဲ့ အထောက်အကူပြု ပစ္စည်းများကို ရက်ရက်ရောရော လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/50/5027bd9408cbb884f9569237f20a9299be1dd1b1.jpeg
အနုပညာရှင်များ

 ၁၆-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း နေ့စဉ်နေ့တိုင်း အားတက်သရော ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။  မိဘမဲ့ဂေဟာကိုလည်း ဦးစီးနေတဲ့အပြင် လတ်တလော ပြည်သူတွေ ကြုံတွေ့နေရတဲ့ အောက်ဆီဂျင်အခက်အခဲတွေ၊ စားဝတ်နေရေး အခက်အခဲနဲ့ ရေဘေးသင့်အခက်အခဲတွေကိုပါ စိတ်အားတက်ကြွစွာနဲ့ပါဝင် ကူညီပေးနေတာကို တွေ့ရပါတယ်။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

ဒီလို ပရဟိတအလုပ်တွေကို တတ်နိုင်သရွေ့ လုပ်ကိုင်နေသူဖြစ်ကာ သူမရဲ့ပရဟိတ အဖွဲ့အစည်းကိုလည်း အလှူငွေ လာရောက်လှူဒါန်းကြတဲ့ သူတွေလည်း အများအပြားရှိပါတယ်။ အခုလည်း (၇) ရက်သားသမီး အလှူရှင်တွေ စုပေါင်းထည့်ဝင်ကြတဲ့ အလှူငွေတွေနဲ့ မသန်စွန်း ညီအစ်ကို မောင်နှမတွေအတွက် လိုအပ်နေတဲ့ အထောက်အကူပြု ပစ္စည်းများကို လှူဒါန်းခဲ့ပါတယ် ။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

ပစ္စည်းအားလုံးပေါင်း တန်ဖိုးငွေ သိန်း (၁၀၀) ရှိတယ်လို့ ရေးသားဖော်ပြထားပါသေးတယ် ။ အလှူနဲ့ ပတ်သက်ပြီးလည်း " မသန်စွမ်း ညီအစ်ကို မောင်နှမများအတွက် လိုအပ်နေတဲ့ အထောက်အကူပြု ပစ္စည်းများ (တန်ဘိုးငွေ ကျပ် သိန်း ၁၀၀) ခန့်ကို ဆရာတော်ကြီးများထံမှာ (၅)ပါးသီလ ဆောက်တည်၍ သဒ္ဓါဖြူတဲ့ ခုနှစ်ရက်သားသမီး သူတော်ကောင်း အလှူရှင်များ ကိုယ်စား ရေစက်ချ လှုဒါန်းခဲ့ပါတယ်ရှင်..မြင်သမျှ တွေ့သမျှ အားလုံး သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်." ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T