Penthouse ကိုလွမ်းနေကြတဲ့သူတွေအတွက် penthouse ထဲကမင်းသားသုံးယောက်လုံးပါဝင်မယ့် 'We Won’t Hurt You' ဆိုတဲ့ variety show အသစ်လေးကို Sep 28 ရက်နေ့ tvN မှာပြသသွားမှာပါ။
“ The Penthouse” ရဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Uhm Ki Joon, Bong Tae Gyu နှင့် Yoon Jong Hoon တို့က penthouse ဒရမ်မာထဲမှာ ကြည့်ရှု့သူတွေကို အရမ်းကို လောင်ခဲ့စေပေမယ့် အခု “ We Won't Hurt You” မှာတော့ သူတို့ရဲ့ရိုးသားမှုနဲ့ နေ့စဉ်နေထိုင်မှုဘ၀ကိုပြသလိမ့်မယ်။
'We Won’t Hurt You' မှာတော့ Uhm Ki Joon, Bong Tae Gyu နှင့် Yoon Jong Hoon တို့က တိတ်ဆိတ်တဲ့နေရာမှာအိမ်တစ်လုံးကိုငှားရမ်းပါတယ်။ နေချင်စရာအဖြစ် အိမ်ရဲ့နေရာတိုင်းကို သန့်ရှင်းရေးလုပ်ပြီး ဧည့်သည်တွေကိုဧည့်ခံဖို့ ပြင်ဆင်ကြမှာပါ။
Guest တွေကလည်း penthouse ထဲကသရုပ်ဆောင်တွေပါပဲ။
မင်းသားသုံးယောက်က ဒီအိမ်ရောက်လာတဲ့အခါမှာတော့ Uhm Ki Joon က "ဒီအိမ်ကသရဲခြောက်တယ်လို့ထင်တယ်" Bong Tae Gyu က“ ဒီအိမ်ကစွန့်ပစ်ထားတဲ့ အိမ်ဆိုတာသိသာပါတယ်" ဆိုပြီးပြောနေကြပါတယ်။ တခြားGuest တွေက ဘာတွေပြောထားလဲဆိုတာကိုတော့ ဗီဒီယိုထဲမှာ ဖွင့်ကြည့်လိုက်ကြနော်။