ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးသူတွေအဖြစ် နာမည်ကြီး Time မဂ္ဂဇင်းမှာ မြန်မာအမျိုးသမီးနှစ်ယောက်နဲ့အတူ ပါဝင်ခွင့်ရလာတဲ့ ဒုဝန်ကြီးဒေါ်အိသဥ္ဇာမောင်

//s9.kh1.co/13/13d7aca2b543a1d905594cc7eddc8f8b1110dec1.jpeg
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးသူတွေအဖြစ် နာမည်ကြီး Time မဂ္ဂဇင်းမှာ မြန်မာအမျိုးသမီးနှစ်ယောက်နဲ့အတူ ပါဝင်ခွင့်ရလာတဲ့ ဒုဝန်ကြီးဒေါ်အိသဥ္ဇာမောင်

NUG ရဲ့ ဒုဝန်ကြီးတစ်ယောက်ဖြစ်တဲ့ ဒေါ်အိသဥ္ဇာမောင်ကတော့ နွေဦးတော်လှန်ရေးစကတည်းက ရှေ့ဆုံးကနေတက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပါတယ်။အခုချိန်မှာဆိုရင် သူမက NUG ရဲ့ အသက်အငယ်ဆုံးဝန်ကြီးအဖြစ်အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာမှာ တာဝန်ထမ်းရွက်နေတာပဲဖြစ်ပါတယ်။မနေ့ကဆိုရင်တော့ ကမ္ဘာကျော် Time Magazine ကနေ ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံးသူတွေထဲမှာ မြန်မာအမျိုးသမီးနှစ်ဦးနဲ့အတူ ဒေါ်အိသဥ္ဇာမောင်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

Photo Credit:Ei Thinzar Maung-Deputy Minister

တခြားအမျိုးသမီးနှစ်ယောက်ကတော့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ကချင်အမျိုးသမီး Esther Ze Naw Bamvo နဲ့ မြန်မာအင်ဂျင်နီယာ ဒေါက်တာမီမီအောင်တို့ပဲဖြစ်ပါတယ်။Esther Ze Naw Bamvo က ရန်ကုန်မြို့မှာပြုလုပ်တဲ့ဆန္ဒထုတ်ဖော်ပွဲတွေမှာလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့သလို ပရဟိတအလုပ်တွေကိုလည်းလုပ်ဆောင်လျက်ရှိပါတယ်။ဒေါက်တာမီမီအောင်ကတော့ မြန်မာလူမျိုးတွေဂုဏ်ယူရလောက်အောင် အရမ်းထူးချွန်ထက်မြက်တဲ့ ပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit:Esther Ze Naw Bamvo’s Fb acc
Photo Credit:Esther Ze Naw Bamvo’s Fb acc

ဒေါက်တာမီမီအောင်က အင်္ဂါဂြိုလ်လေ့လာစူးစမ်းရေးမှာ Ingenuity မောင်းသူမဲ့စူးစမ်းရေး စက်ရုပ်ယာဉ်လွှတ်တင်ရေးစီမံကိန်းတွင် ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။အခုလိုမျိုး အရမ်းတော်ကြတဲ့ မြန်မာအမျိုးသမီးတွေကိုကမ္ဘာကျော် Time Magazine ကဖော်ပြပေးလို့ မြန်မာပြည်သူလူထုလည်း ဂုဏ်ယူနေကြတာဖြစ်ပါတယ်။ဒေါ်အိသဥ္ဇာမောင်ကလည်း "မြန်မာကို ကမ္ဘာက အသိအမှတ်ပြုစေခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်" ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Ei Thinzar Maung-Deputy Minister
Photo Credit:Ei Thinzar Maung-Deputy Minister
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit:Esther Ze Naw Bamvo’s Fb acc
Photo Credit:Esther Ze Naw Bamvo’s Fb acc

Source:Ei Thinzar Maung-Deputy Minister 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T