Chapter by the Dozen ဇာတ်ကားကိုသဘောကျလွန်းလို့ ဇာတ်ကားထဲကအတိုင်း သားသမီး (၁၂) ယောက် လိုက်မွေးခဲ့တဲ့ ဇနီးမောင်နှံ

//s9.kh1.co/ef/ef9f74ab7a59d94dda7c0b6a01e773b40192fe07.png
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ရုပ်ရှင်ဇာတ်ကားတွေဟာ ကြည့်ရှုသူတွေရဲ့ဘဝတစ်စိတ်တစ်ပိုင်းကို လွှမ်းမိုးမှုတွေရှိခဲ့ပါတယ်။ ဒီနေ့မှာလည်း (၂၀၀၃) ခုနှစ်က လူကြိုက်များခဲ့တဲ့ " Chapter by the Dozen " ဇာတ်ကားထဲက Steve Martin နဲ့ Kate Baker တို့ရဲ့ဇာတ်ကောင်ပုံစံကိုသဘောကျလွန်းတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ဇာတ်ကားထဲက အတိုင်း သားသမီး (၁၂) ယောက်တိတိမွေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့အိပ်မက်ဟာအောင်မြင်တော့မှာဖြစ်ပြီး (၁၂) ယောက်မြောက်ကလေးကို ကိုယ်ဝန်ဆောင်ထားခဲ့ ပါပြီ။ သားသမီးတွေအများကြီးနဲ့ သွားလာရလွယ်ကူအောင် ဗန်ကားတစ်စီးနဲ့ နောက်တွဲလေးကိုလည်း ဝယ်ယူခဲ့ပါသေးတယ်။

Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc

ဇနီးဖြစ်သူ Courtney Rogers ဟာ ခင်ပွန်းဖြစ်သူ Chris နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ခဲ့ပြီး ချစ်စရာသားသမီးတွေနဲ့အတူ အရမ်းကိုပျော်နေခဲ့ပါတယ်။ ကလေးတွေအားလုံးရဲ့ နာမည်ကိုလည်း " C " အက္ခရာနဲ့စတင်တဲ့ နာမည်မျိုးပဲပေးခဲ့ပြီး ကလေးအားလုံးရဲ့နာမည်နဲ့အသက်ဟာ Clint, (၁၁) နှစ်, Clay, (၁၀) နှစ်, Cade, (၈) နှစ်, Callie, (၈)နှစ်, Cash, နဲ့ Colt တို့ဟာ အသက် (၆) နှစ်အရွယ်အမွှာလေးတွေပါ။ Case နဲ့ Calena, တို့ဟာလည်း အသက် (၄) နှစ်ဖြစ်ကြပြီး , Caydie, (၃) နှစ် Coralee,(၂) နှစ်နဲ့ Caris, (၉) လ တို့ဖြစ်ကြပါတယ်။

Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc

ဗိုက်ထဲမှာရှိနေတဲ့ရင်သွေးလေးအတွက်လည်း အရမ်းကိုစိတ်လှုပ်ရှားပြီး သားသမီး (၁၂) ယောက် ပြည့်တော့မှာမို့ မိဘတွေလည်းအရမ်းကိုရင်ခုန်ပျော်ရွှင်နေကြပါတယ်။ အမျိုးသမီးဟာ အသက် (၃၇) နှစ်အရွယ်ဖြစ်ပြီး အမျိုးသားဟာတော့ အသက် (၃၃) နှစ်အရွယ်ရှိနေကြပါပြီ။ အိမ်ထောင်စပြုစဉ်က အမျိုးသမီးဟာ အသက် (၂၄) နှစ်သာရှိသေးပြီး ဆယ်စုနှစ်အတွင်းမှာ ဒီလိုပျော်စရာကောင်းတဲ့ အသိုက်အမြုံလေးဖြစ်အောင် ဖန်တီးနိုင်ခဲ့တာပါ။

Photo Credit - The Sun's FB Acc
Photo Credit - The Sun's FB Acc

သတင်း အရင်းအမြစ်The Sun's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T