ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံက Michael Higgins လို့ခေါ်တဲ့ အသက် ၃၄ နှစ်အရွယ်အမျိုးသားဟာ သူ့ရဲ့ အသက် ၂ နှစ်အရွယ်ကလေးလေးကို အဝတ်အခြောက်ခံစက်ထဲကို လွှင့်ပစ်ခဲ့ပါတယ်။
သူဟာ ကလေးလေးကို လွှင့်ပစ်ခဲ့ရုံသာမကပဲ အခြောက်ခံစက်ရဲ့ ခလုတ်ကိုပါဖွင့်ခဲ့သေးတယ်လို့သိရပါတယ်။
ဒါပေမယ့် ကလေးလေးဟာကံကောင်းလွန်းခဲ့တယ်လို့ ပြောရလောက်အောင်ပဲ ဒီအဖြစ်အပျက်ကို မိခင်ဖြစ်သူကတွေ့ရှိခဲ့ပါတယ်။
ဒါ့ကြောင့် မိခင်ဖြစ်သူဟာ မြင်မြင်ချင်းမှာပဲ အပြေးသွားခဲ့ပြီး ကလေးငယ်လေးကို အဝတ်အခြောက်ခံစက်ထဲကနေ ကယ်ထုတ်ပေးခဲ့ပါတယ်။
ကလေးငယ်လေးဟာ ဒီအဖြစ်အပျက်ကြောင့် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာ ကြီးကြီးမားမားမရခဲ့ပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာတော့ အနည်းငယ်ထိခိုက်ကောင်း ထိခိုက်သွားနိုင်ပါတယ်။
လက်ရှိမှာတော့ မိခင်ဖြစ်သူရဲ့ တိုင်ကြားမှုကြောင့် ဖခင်ဖြစ်သူ Higgins ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားပြီဖြစ်ပြီး ကလေးသူငယ်ညှဥ်းပန်းနှိပ်စက်မှုနဲ့ အရေးယူဆောင်ရွက်သွားဖို့ရှိနေပါတယ်။
သတင်း အရင်းအမြစ်៖ Daily Star