ရင်တွင်းခံစားချက်တွေကြောင့် မျက်ရည်ကျနေရတဲ့ မင်းမော်ကွန်းအကြောင်း ဖွင့်ဟပြောပြလာတဲ့ AAC မှကိုရဲမင်း

//s9.kh1.co/ca/ca02888c2574aded1a59cbcab007314abb088db5.jpeg
အနုပညာရှင်များ

 ၁၅-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်အကယ်ဒမီ မင်းမော်ကွန်းကတော့ လက်ရှိမှာ မိသားစုလိုက် လွတ်မြောက်နယ်မြေကို ရောက်ရှိကာ အရေးတော်ပုံကြီးအတွက် အစွမ်းကုန်ကြိုးစားတိုက်ပွဲဝင်နေသူပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ခိုင်မာပြတ်သားလွန်းတဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကြောင့် ရဲရဲတောက်နှင်းဆီသူရဲကောင်းအဖြစ် ပြည်သူတွေက လေးစားချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc

သူ့ရဲ့ အောင်မြင်မှုတွေကိုစွန့်လွှတ်ပြီး တောထဲမှာ ကြုံလာသမျှအခက်အခဲများစွာကို ရင်ဆိုင်နေရပေမယ့်လည်း မငြီးငြူတဲ့ မင်းမော်ကွန်းရဲ့ အကြောင်းတွေကို တော်လှန်ရေးနယ်မြေမှာ အတူရောက်ရှိနေတဲ့ AAC မှ ကိုရဲမင်းက ပြောပြလာပါတယ်။ ရင်တွင်းခံစားချက်တွေကြောင့် မျက်ရည်ကျနေရတဲ့ မင်းမော်ကွန်းရဲ့ ခံစားချက်တွေကို ကိုယ်ချင်းစာနားလည်ပြီး သူရဲကောင်းတစ်ယောက်အဖြစ် လေးစားနေတာတွေကိုလည်း ပြောပြထားပါသေးတယ်။ 

Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc

ပြီးခဲ့တဲ့ညတွေက ဝမ်းနည်းမှုနဲ့ ခံပြင်းမှုတွေကြောင့် မျက်ရည်ကျနေရတဲ့ မင်းမော်ကွန်းရဲ့အကြောင်းတွေကို ကိုရဲမင်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားကာ မျှဝေပြောပြထားတာ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ အားလုံးနဲ့အတူ ရဲရဲရင့်ရင့်ရပ်တည်နေတဲ့ မင်းမော်ကွန်းနဲ့အတူ တိုက်ပွဲဝင်သူရဲကောင်းရဲဘော်တွေအတွက် အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်။ 

Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc

သတင်း အရင်းအမြစ်Ye Min's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T