ကိုဗစ်ကြောင့်သေဆုံးသူပြန်လည်များပြားလာလို့ သုသာန်တွင်နာရေးကားများထပ်နေတဲ့မြင်ကွင်းကို ဓာတ်ပုံရိုက်ပြီးပြသလာတဲ့ ပရဟိတသမားတစ်ဦး

//s9.kh1.co/2c/2c2461dbc1df74e3eba7db98c5e83192f9826017.jpeg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ကြောင့်သေဆုံးသူပြန်လည်များပြားလာလို့ သုသာန်တွင်နာရေးကားများထပ်နေတဲ့မြင်ကွင်းကို ဓာတ်ပုံရိုက်ပြီးပြသလာတဲ့ ပရဟိတသမားတစ်ဦး

မြန်မာနိုင်ငံအတွင်းက လက်ရှိကိုဗစ်အခြေအနေကတော့ ပိုးတွေ့မှုနှုန်းတဖြည်းဖြည်းလျော့ကျလာသလို သေဆုံးနှုန်းလည်းနည်းပါးနေပြီဖြစ်ပါတယ်။မနေ့ကဆိုရင် ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၄၂၁)ဦးရှိပြီး သေဆုံးသူ(၇၆)ဦးရှိခဲ့ပါတယ်။ပြည်သူလူထူလည်း ကိုဗစ်ကူးစက်ရောဂါကြီးက အပြီးတိုင်မပပျောက်သွားတာကြောင့်ကျန်းမာရေးနည်းလမ်းများနဲ့အညီ စနစ်တကျနေထိုင်သွားလာနေကြတာပဲဖြစ်ပါတယ်။ဆရာဝန်တွေ၊ပရဟိတအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေကလည်း ကိုဗစ်တတိယလှိုင်းမှာ တတ်နိုင်သလောက်ကူညီကြပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့မှာဆိုရင်လည်း တောင်ကြီးမြို့ကပြည်သူတွေကို ပရဟိတသမားတစ်ဦးက အနူးအညွတ်မေတ္တာရပ်ခံလာတာပဲဖြစ်ပါတယ်။အဲ့ဒါကတော့ သုသာန်မှာ နာရေးကားတွေ ပြန်ထပ်နေပြီဖြစ်လို့ အသွားအလာဂရုစိုက်ကြဖို့ရေးသားလာတာဖြစ်ပါတယ်။အရင်ရက်တွေကတော့ တောင်ကြီးမြို့မှာ သေဆုံးနှုန်းကျဆင်းနေပေမယ့် ဒီနေ့မှာ နေ့လည်(၁၂)နာရီဝန်းကျင်ခန့်အထိ အလောင်း(၁၃)ဦးကို သင်္ဂြိုလ်ပြီးစီးခဲ့တာဖြစ်ပါတယ်။နောက်ထပ်လည်း အလောင်း(၇)ဦး ထပ်မံရောက်လာဦးမယ်လို့သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့တစ်ရက်တည်း ကိုဗစ်ကြောင့်သေဆုံးသူ (၂၀)ဦးထိ မြင့်တက်လာတာကြောင့် ပရဟိတသမားလည်းအစစအရာရာဂရုစိုက်ပေးကြဖို့ ရေးသားလာတာဖြစ်ပါတယ်။အခုချိန်ထိလည်း တောင်ကြီးလင်းယုန်စေတနာ့ဝန်ထမ်း အဖွဲ့မှ သေဆုံးသူတွေကို သင်္ဂြိုလ်ပေးနေဆဲဖြစ်ပြီး အန္တရာယ်ကြားထဲကနေဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူတွေအကုန်လုံးလည်း အမြစ်မပြတ်သွားတဲ့ကိုဗစ်ကူးစက်ရောဂါဆိုးကြီးကို ဆက်လက်ကာကွယ်သွားကြပါလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T