SHUTDOWN လုပ်ခံလိုက်ရတဲ့ DISCORD ရဲ့ Music Bot “RYTHM”

//s9.kh1.co/d0/d080652388993025a5b4ed3f288dbd94eb003781.jfif
ဗဟုသုတအဖြာဖြာ

 ၁၅-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

Rythm ဟာ Youtube ရဲ့ စည်းမျဥ်းတွေအားချိုးဖောက်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့အတူ .....


ယခုလက်ရှိမှာ Rythm ဟာ Discord Server ပေါင်း 20 Million မှာတပ်ဆင်ထားပါတယ်။  အသုံးပြုသူပေါင်း 500 Million ရှိပြီး၊ ၄င်းတို့ထဲမှ 30 Million ဟာ လစဥ်အသုံးပြုသူတွေပဲဖြစ်ပါတယ်။ Discord မှာ လစဥ်အသုံးပြုသူ 150 Million ရှိတာကြောင့် Discord Userbase ရဲ့ 20% ခန့်က Rythm အသုံးပြုနေကြတယ်လို့ ပြောနိုင်ပါတယ်။

Photo Credit : Rythm
Photo Credit : Rythm

Rythm ကို September 15, 2021 ဒီနေ့မှာ စိတ်မကောင်းစွာနဲ့ပဲ အဆုံးသတ်တော့မှာဖြစ်ပါတယ်။ Youtube ရဲ့ စည်းမျဥ်းများကိုချိုးဖောက်ပြီး စီးပွားရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်နေတဲ့ဆိုတဲ့ စွတ်စွဲချက်ကြောင့်ပဲဖြစ်ပါတယ်။ Rythm ကတော့ Rythm Support Server မှာ သူ့ရဲ့ပျော်ရွှင်စရာ Memory လေးတွေပြောပြပြီး Fun Fact အနေနဲ့ Rick Roll ပါ လုပ်သွားပါသေးတယ်။ 

လွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်က Rythm လိုပဲ သီချင်းတွေဖွင့်ပေးတဲ့ Groovy ဟာ August 30th မှာပဲ Youtube လက်ချက်ကြောင့် Shutdown သွားခဲ့ပါတယ်။ အခုတစ်ခေါက်မှာလည်း Google ပိုင် Youtube ဟာ Rythm ဘက်ကို ဦးတည်လာပါပြီ။

Photo Credit : Google 
Photo Credit : Google 

Music Bot တွေဟာ Discord ရဲ့ အဓိကအစိတ်အပိုင်းလို့တောင် ပြောလို့ရတာကြောင့် Groovy နဲ့ Rythm တို့ကို Shutdown လုပ်တာဟာ Discord အသုံးပြုသူတွေအတွက် စိတ်ပျက်စေပါတယ်။ MEE6 နဲ့ Hydra လို အခြားသော Bot တွေအနေနဲ့လည်း စိုးရိမ်နေရပါပြီ။

Discord အနေနဲ့လည်း သူ့ Platform ပေါ်က Music Bot တွေကို Youtube က တရားစွဲနေတာတွေ မြင်ရဲ့သားနဲ့ ဘာမှဝင်ပြောထားတာတော့ မရှိသေးပါဘူး။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T