ဈေးသွားဈေးလာတွေများတဲ့နေရာမှာ ကြွေးကြော်ဆိုင်းဘုတ်ချပြီး လူထုသွေးမအေးအောင် လှုံ့ဆော်ရင်း ဆန္ဒပြခဲ့ကြတဲ့လူငယ်တွေရဲ့ ဗီဒီယို

//s9.kh1.co/da/da39cca3b7ae9463b03366bf155892ba423ad884.jpg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

တော်လှန်ရေးအရှိန်အဟုန်မြင့်လာတာနဲ့အမျှ တိုက်ပွဲတွေလည်းပြင်းထန်လာသလို မြို့ပေါ်တွေမှာလည်း ဆန္ဒပြသပိတ်တွေဆက်တိုက်အားကောင်းလာနေပြီး ပြောက်ကျားသပိတ်တိုက်ပွဲတွေက နေ့ရက်တိုင်းလိုလိုဖြစ်ပေါ်နေတာဖြစ်ပါတယ်။ လူစည်ကားရာ ဈေး၀ယ်စင်တာတွေမှာလည်း ဆန္ဒပြသပိတ်တွေပြုလုပ်လာကြတာကိုလည်း တွေ့ရပြီး မြို့ကြီးအတော်များများမှာလည်း ဆန္ဒပြမှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

လက်နက်ကိုင်တိုက်ပွဲ၀င်ကြမယ့် PDF ရဲဘော်တွေကလည်း လွတ်မြောက်နယ်မြေတွေမှာ အစွမ်းကုန်ကြိုးစားနေကြသလို မြို့ကြီးတွေမှာရှိနေတဲ့ လူငယ်တွေကလည်း လူထုသွေးမအေးအောင် နည်းအမျိုးမျိုးနဲ့ကြိုးစားလှုံ့ဆော်လျက်ရှိကြပါတယ်။ ပြည်သူလူထုကလည်း တော်လှန်ရေးကြီး (၈)လကျော်ကြာမြင့်နေပေမယ့် သွေးအေးသွားတာမရှိပဲ ဒီမိုကရေစီအတွက် ဆက်လက်ကြိုးစားပါ၀င်နေကြတာကို တွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

ဒီကနေ့ဟာဆိုရင်လည်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ်ပါတယ်။ ဒီနေ့လေးမှာဆိုရင်လည်း လူငယ်တွေဟာ မြောက်ဥက္ကာလာ (၂)ဈေးအပါအ၀င် ရန်ကုန်မြို့ရှိနေရာအတော်များများမှာ သပိတ်တွေပြုလုပ်ခဲ့ကြပါတယ်။ လူစည်ကားတဲ့နေရာတွေမှာ ဆိုင်းဘုတ်တွေချခဲ့ကြပြီး ကြွေးကြော်သံတွေအော်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Nan Lin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T