ယနေ့ညမှာ Master Chef ဖိုင်နယ်ပွဲစဥ်ကို ယှဥ်ပြိုင်ရတော့မယ့် Burmese Princess Suu

//s9.kh1.co/73/738ab52f7452dfd9bab227d3b454ed11bdb8771b.jpg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုတွေ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမလဲဆိုတာ သိချင်ရင်တော့ ...... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ကမ္ဘာကျော်MasterChef US ဟင်းချက်ပြိုင်ပွဲကြီးဆိုတာနဲ့ တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ပြိုင်ပွဲကြီးတစ်ခုဖြစ်ကြောင်း အားလုံးကသိကြပါတယ်။ဒီပြိုင်ပွဲကြီးကို ၂၀၁၀ခုနှစ်ကစတင်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာဆိုရင်တော့ (၁၁)ကြိမ်မြောက်ပြိုင်ပွဲကိုရောက်ရှိလာပါပြီ။Master Chef ပြိုင်ပွဲကြီးရဲ့ အဓိကရည်ရွယ်ချက်ကတော့ အချက်အပြုတ်ဝါသနာပါတဲ့ စားဖိုမှူးများနှင့်အိမ်ရှင်မများအတွက် သူတို့ရဲ့ကျွမ်းကျင်မှုများကို တိုးတက်လာစေပြီး အကောင်းဆုံးစားဖိုမှူးများကို မွေးထုတ်ပေးဖို့ဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From People Image
Photo Credit From People Image

MasterChef Kitchen အတွင်း ပြိုင်ပွဲဝင်တစ်ဦး(သို့)အဖွဲ့လိုက်ကို စိန်ခေါ်မှုအဆင့်ပေါင်းများစွာဖြင့် စမ်းသပ်လေ့ရှိပြီး ၎င်းစိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်သူ (၂)ဦး(သို့မဟုတ်) (၃) ဦးကတော့ ဗိုလ်လုပွဲစဥ်မှာ ဟင်းလျာ (၃) မျိုးဖြင့် ယှဉ်ပြိုင်ကြရပါတယ်။အနိုင်ရရှိသူ Winner ကို တော့ MasterChef ဆုတံဆိပ်နှင့်အတူ အမေရိကန် ဒေါ်လာ‌နှစ်သိန်းခွဲ ကိုချီးမြှင့်‌ပေးပါတယ်။

Photo Credit From People Image
Photo Credit From People Image
Photo Credit From People Image
Photo Credit From People Image

Master Chef ရဲ့ ယခုနှစ်ပြိုင်ပွဲမှာဆိုရင်တော့ မြန်မာပြည်ဖွား အမျိုးသမီးတစ်ဦးဖြစ်တဲ့ Suu က ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။သူမဟာ စိန်ခေါ်မှုပေါင်းများစွာကို အခက်အခဲများစွာကြားက အောင်မြင်စွာကျော်ဖြတ်လာခဲ့ပြီးနောက် ခုဆို နောက်ဆုံးဗိုလ်လုပွဲသို့ရောက်ရှိလာပြီဖြစ်ပါတယ်။သူမနှင့်အတူ အော်ဒမ်နဲ့ ကယ်လ်စီတို့ကယှဉ်ပြိုင်သွားရမှာပါဖြစ်ပါတယ်။ဒါ့အပြင် MasterChefခရီးစဉ်တစ်လျှောက်လုံးမှာ ဗိုလ်လုပွဲစဥ်ကို အမျိုးသမီး(၃)ဦး က ပထမဆုံးယှဥ်ပြိုင်ခြင်းဖြစ်ပါတယ်လို့ Chef ဂေါ်ဒမ်ရမ်ဆေးကလည်း ကြေငြာခဲ့ပါတယ်။အခုပြိုင်ရတော့မယ့် ဗိုလ်လုပွဲမှာလည်း Suu က ဘယ်လို အရသာရှိတဲ့ ဟင်းလျာတွေနဲ့ ဒိုင်များကို အံ့အားသင့်စေမလဲဆိုတာ ပရိတ်သတ်များအားလုံးက အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။မြန်မာ့ဂုဏ်ဆောင် Suu တစ်ယောက် MasterChef Winner ဖြစ်ပါစေလို့ဆုတောင်းပေးရင်း ပုံလေးတွေကို ကြည့်ရှုခံစားနိုင်ကြပါစေ။

Photo Credit From Grace Cooking
Photo Credit From Grace Cooking
Photo Credit From People Image
Photo Credit From People Image
Photo Credit From People Image
Photo Credit From People Image
Photo Credit From People Image
Photo Credit From People Image
Photo Credit From Grace Ccoking
Photo Credit From Grace Ccoking
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T