ကိုဗစ်ကာလအတွင်း ရပ်နားထားတဲ့ Taxi ယာဥ်ခေါင်မိုးတွေကို အသီးအနှံ စိုက်ခင်းအဖြစ် ပြောင်းလဲလိုက်တဲ့ ထိုင်း Taxi ကုမ္မဏီတစ်ခုက ဝန်ထမ်းများ

//s9.kh1.co/ca/ca49c9683943a55633d7d68978e636f539612cde.jpg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Soi Bang Waek (6), Phasi Charoen ခရိုင်မှာတော့ ကိုဗစ်ရောဂါကူးစက်မှုကာလအတွင်း ​Taxi ယာဉ်အစီးရေ (၄၀၀) နီးပါးလောက်ဟာ မထွက်ရဘဲ ရပ်နားထားခဲ့ရတာဟာ ယခုဆိုရင် (၁)နှစ်ကျော်လောက်ရှိပြီ ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ ရပ်နားထားတာကြောင့် Taxi ယာဥ်အချို့မှာအင်ဂျင်စုတ်ပြဲခြင်း၊ သံချေးတက်ခြင်း၊ တာယာများပြားချပ်လာပြီး ပျက်စီးယိုယွင်းလာတဲ့ အခြေအနေများကို ရောက်ရှိလာခဲ့ပါတယ်။

Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo

လက်ရှိမှာTaxi ယာဥ်များကို ဒီအတိုင်းထားရမယ့်အတူတူ ကုမ္မဏီ ဝန်ထမ်းတွေကတော့ ရပ်နားထားတဲ့ Taxi ယာဥ်ရဲ့ ခေါင်မိုးပေါ်တွေကို မြေကွက်အဖြစ် ပြောင်းလဲလာခဲ့ကြပါတယ်။ ဝန်ထမ်းများဟာ Taxi ယာဥ်ခေါင်မိုးပေါ်တွေမှာ စားစရာ အသီးအနှံပင်တွေကို စိုက်ပျိုးခဲ့တဲ့အပြင် ဟောင်းနွမ်းနေတဲ့ တာယာများကိုလည်း ဖားများ မွေးမြူရေး နေရာတစ်ခုအဖြင့် လုပ်ဆောင်လာခဲ့တယ်လို့ နိုင်ငံပိုင်သတင်းများက ဖော်ပြလာတာ တွေ့ရပါတယ်။

Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo

Taxi ယာဥ်တွေကနေထွက်တဲ့ အသီးအနှံတွေကိုလည်း အလုပ်မရှိတဲ့ Taxi ယာဥ်မောင်းတွေက အခမဲ့လာရောက် ခူးယူစားသောက်နိုင်ရန် ရည်ရွယ်တယ်လို့ သိရပါတယ်။ Taxi ကုမ္မဏီတွေကတော့ အလုပ်ရပ်နားထားတဲ့ ယာဥ်မောင်တွေအတွက် Taxi ရန်ပုံငွေတစ်ခုထူထောင်ပြီး အစိုးရအနေနဲ့အရေးပေါ်ကာလတစ်ခုမှာကူညီဖို့ ငွေကြေးအကူအညီတောင်းခံမှုတွေ လုပ်ဆောင်မယ်လို့ သိရပါတယ်။

Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo
Photo Credit - Nation Photo

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T