အခက်အခဲတွေကြားကနေ မွေးနေ့ကိတ်လေးရအောင်ကြိုးစားပေးကြတဲ့ ရဲဘော်တွေကြောင့် အတိုင်းမသိပျော်ရွှင်ခဲ့ရတဲ့ PDF စစ်ဗိုလ်တစ်ဦးရဲ့ဗီဒီယို

//s9.kh1.co/9e/9eac26b6a1f6642888b2a42aa8112862043d7dcc.jpg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ရှစ်လကျော်ကြာမြင့်လာပြီဖြစ်တဲ့ တော်လှန်ရေးကာလရှည်ကြီးမှာ ပြည်သူအားလုံးရော PDF လူငယ်တွေရော အင်တိုက်အားတိုက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ D Day ကြေငြာလိုက်သည့်နေ့ကစကာ တိုက်ပွဲတွေကလည်း ဆက်တိုက်ပြင်းထန်နေပြီး မြို့ပေါ်နေရာအနှံ့မှာလည်း ပေါက်ကွဲမှုတွေနဲ့ တာဝါတိုင်ဖောက်ခွဲမှုတွေဖြစ်ပေါ်နေကာ တစ်ဖက်ကလည်း ပြင်းပြင်းထန်ထန် ပစ်ခတ်နှိမ်နှင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

PDF ရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေလှူဒါန်းပေးကြတဲ့ ရိက္ခာထောက်ပံ့မှုတွေနဲ့ ချို့ချို့တဲ့တဲ့စားသောက်နေကြရပြီး စစ်ရေးအတွက်ကြိုးစားပြင်ဆင်နေကြတာပါ။ ယမန်နေ့ကဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခုမှာရောက်ရှိနေတဲ့ နဂါးတပ်စိတ်ရဲ့ ဗိုလ်တစ်ဦးရဲ့ မွေးနေ့လေးဖြစ်တယ်လို့သိရပါတယ်။ တပ်စိတ်က ရဲဘော်တွေဟာ အခက်အခဲတွေကြားကနေ ကိတ်လေးရအောင်ကြိုးစားပေးကြပြီး မွေးနေ့ပွဲလေးကို ပြုလုပ်ပေးခဲ့ကြတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခက်အခဲတွေကြားကနေ ညီအစ်ကိုရင်းတွေပမာ စည်းစည်းလုံးလုံးနဲ့အရေးတော်ပုံကြီးအောင်မြင်ရေးမှာ ကြိုးစားနေကြတဲ့ PDF ရဲဘော်တွေရဲ့ စိတ်ဓာတ်နဲ့ခံယူချက်ကို ဒီဗီဒီယိုမှာအထင်းသားမြင်တွေ့ရပါတယ်။ ဒါ့ပြင်မွေးနေ့လေးမှာ တပ်စိတ်အတွက်လိုအပ်နေတဲ့ လက်နက်ပစ္စည်းအချို့ကိုလည်း ၀ယ်ယူရရှိနိုင်ခဲ့တယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Htet Nay Win's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T