သာမန်အချိန်တွေမှာ မြင်တွေ့နိုင်ဖို့ခဲယဥ်းလှတဲ့ ထူးထူးဆန်းဆန်း အကောင်လေး

//s9.kh1.co/cd/cd185310879d74741c72d79c63b4084feb47ff59.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဒီအကောင်လေးတွေကိုတော့ Trasier လို့ခေါ်ကြပြီး အင်ဒိုနီးရှား နဲ့ ဖီလစ်ပိုင်နိုင်ငံတို့မှာ နေထိုင်ကျက်စားကြပါတယ်။

သူတို့ဟာ သေးငယ်လွန်းတဲ့အတွက် အရွယ်အစားဟာ ၁၂ စင်တီမီတာအရှည်လောက်ပဲ ရှိကြပြီး အလေးချိန်ကလည်းအများဆုံး(၁၀၀ )ဂရမ်လောက်သာရှိကြပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/21/214f8bc08affb4a3b305bbb45b9f2a178afc3f01.jpg
https://s9.kh1.co/__image/w=600,h=409,q=100/6c/6c5c85ed1a9c867200907c9b08bdda2d2ab6a79c.jpg

Tarsier အကောင်လေးတွေရဲ့ပုံစံဟာ အလွန်ထူးဆန်းလှပီး မီးခိုးရောင် ခန္ဓာကိုယ်နဲ့ မျက်လုံးကတော့ အညိုရောင်ခပ်ကြီးကြီးဖြစ်ပီး ညဘက်မှာကောင်းစွာမြင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

သူတို့ဟာသေးငယ်တဲ့ ပုတက်၊ငါးနဲ့အင်းဆက်တို့ကိုသာစားသုံးကြပီး ညဘက်မှသာအစာရှာထွက်လေ့ရှိကြပါတယ်။ နေ့ဘက်မှာတော့ တောကောင်ကြီးတွေရဲ့ ရန်ကနေကာကွယ်ဖို့အတွက် သူတို့ဟာအစာရှာမထွက်ကြပါဘူး။

https://s9.kh1.co/__image/w=600,h=398,q=100/59/597cd5d251674277459b13c4dad7ef6d5f58d84b.jpg
https://s9.kh1.co/__image/w=600,h=445,q=100/6f/6f81442cd43f80209efbc36517cecec0f6bb582d.jpg

ဒါ့အပြင် သူတို့မှာ ကြီးမားတဲ့ ခြေချောင်းလေးတွေရှိကြပြီး ၃ မီတာဝန်းကျင်လောက်အကွာအဝေးက သစ်ပင်တွေကို ခုန်းကူးနိုင်ကြပါတယ်။

သူတို့နေထိုင်ကျက်စားတဲ့နေရာမှာ နေကြတဲ့ ဒေသခံတွေကတော့ ဒီအကောင်လေးတွေကို မျောက်အသေးစားလေးတွေအပြင် Hantu လို့လည်းခေါ်ကြပြီး မြန်မာလိုဆိုရင် တစ္ဆေ လို့အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/cc/cc3e9254810bdef82a000c0952c7041d3fdbe57e.jpg
https://s9.kh1.co/__image/w=600,h=375,q=100/d3/d3944aae025be4bd71f3e05c61da676326cb8725.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T