Battery ကလွဲလို့သိပ်အားရစရာမရှိတဲ့ iPhone 13 Series

//s9.kh1.co/32/324fc6db06f3a8b13b9e6ee947702b021c02d13d.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

Battery ပိုင်းအနေနဲ့ဆိုရင်တော့ All Day Battery Life ကို ရရှိနိုင်မယ့်အပြင် ......

ဒီနှစ် Apple Event ကတော့ မထင်မှတ်ထားစရာတွေနဲ့ လူတိုင်းကို WoW ဆိုပြီး ဖြစ်သွားရလောက်အောင်ကို အထူးခြားဆုံး Products တွေနဲ့ ပွဲဦးထွက်လာခဲ့ပြီဖြစ်ပါတယ်။တခြားသော စိတ်ဝင်စားမှုတွေနဲ့ စောင့်မျှော်နေကြတဲ့ iPad 9th Gen, iPad mini 6 နဲ့ Apple Watch Series 7 တို့ကိုပါ တစ်ဆက်တည်း မိတ်ဆက်ခဲ့ပါသေးတယ်။

Photo Credit: Google
Photo Credit: Google

iPhone 13 , iPhone 13 Mini

Photo Credit: Google
Photo Credit: Google

ဒီ iPhone 13 series တွေမှာတော့ ဒီဇိုင်းထူးထွေပြောင်းလဲမှုမရှိပေမယ့် ရှေ့ Display ရဲ့ထိပ် Notch ကတော့ 20 ရာခိုင်နှုန်းလောက်ပိုသေးသွားပါပြီ။ နောက်ဘက်ခြမ်း ကင်မရာကတော့ Diagonal ပုံစံနဲ့ Dual Camera အနေအထားသို့ပြောင်းလဲထားတာကိုတွေ့ရပါတယ်။ A15 Bionic Chip ကို အသုံးပြုထားတာဖြစ်ပြီး World Fastest Chip တစ်ခုလို့လည်းတင်စားထားပါတယ်။ စျေးကွက်ထဲကပြိုင်ဘက်ဖုန်းတွေထက် ၅၀ ရာခိုင်နှုန်းပိုမြန်တယ်လို့ဆိုပါတယ်။  နောက်ဘက်ခြမ်းကင်မရာအနေနဲ့ Ultra Wide ကို Dark ဖြစ်တဲ့နေရာတွေမှာ Detail ကျကျနဲ့ရိုက်ကူးနိုင်မှာဖြစ်တဲ့အပြင် Wide Camera မှာတော့ 47% Light နဲ့ Photos, Video တွေကို ရိုက်ကူးလို့ရနိုင်မှာဖြစ်ပါတယ်။

Photo Credit: Google
Photo Credit: Google

Battery ပိုင်းအနေနဲ့ဆိုရင်တော့ All Day Battery Life ကို ရရှိနိုင်မယ့်အပြင် iPhone 13 Mini က ယခင် iPhone 12 Mini ထက် ၁ နာရီခွဲလောက်ဘက်ထရီပိုခံပြီး iPhone 13 ကတော့ ယခင် iPhone 12 ထက် ၂ နာရီခွဲလောက်ဘက်ထရီပိုခံပါတယ်။ 

Photo Credit: Google
Photo Credit: Google

 Color အသစ်တွေဖြစ်တဲ့ Pink, Blue, Midnight, Starlight, Product Red တို့ဆိုပြီး New Color တွေကိုပါ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

Storage ကိုတော့ 128GB, 256GB နဲ့ 512GB တို့ဆိုပြီး ရွေးချယ်လို့ရအောင်လည်း ထုတ်လုပ်ပေးထားပါသေးတယ်။

ဈေးနှုန်းကတော့ iPhone 13 Mini က $699 ကနေစမှာဖြစ်ပြီး iPhone 13 ကတော့ $799 ကနေစမှာဖြစ်ပါတယ်

iPhone 13 Pro & Pro Max

Photo Credit: Google
Photo Credit: Google

iPhone 13 Pro နဲ့ Pro Max မှာလည်း ဒီဇိုင်းထူးထွေပြောင်းလဲမှုမရှိပါဘူး။ အရောင်အနေနဲ့ကတော့ အပြာနုအရောင်လေး (Sierra Blue) လေး ပါဝင်လာပါတယ်။ Display အနေနဲ့ ကတော့ 120Hz Display ဖြစ်သွားပါပြီ။ ပိုပြီး သေးသွားတဲ့ True Depth Camera အပါအဝင် Selfie နဲ့ Face iD တို့ကိုလည်း A15 Bionic Chip ကြောင့် မြန်ဆန်နေမှာကို တွေ့မြင်ရမှာဖြစ်ပါတယ်။Low-light Photography ပိုင်းမှာယခင် iPhone 12 Pro စီးရီးထက် ၂ ဆပိုကောင်းလာပါတယ်။ 77mm Telephto Lens ကြောင့် Zoom ပိုင်းမှာလည်းပိုကောင်းလာပါမယ်။

Photo Credit: Google
Photo Credit: Google

All Day Battery Life ကို ရရှိမှာဖြစ်တဲ့အပြင် iPhone 12 Pro, 12 Pro Max တို့ထက် Battery Performance ပိုပြီးကောင်းလာမှာဖြစ်ပါတယ်။ ရွေးချယ်စရာရှိအောင်လည်း Storage ကို Up to 1TB အထိ ပေးထားပြီး ဒါဟာ iPhone အတွက် အရမ်းကို ကြီးလွန်းတဲ့ Storage ဆိုရင်လည်းမမှားပါဘူး။

Photo Credit: Google
Photo Credit: Google

Color တွေအနေနဲ့ Sierra Blue, Silver, Gold နဲ့ Graphite ဆိုပြီး Color 4 ရောင်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

iPhone 13 Pro ဈေးနှုန်းကတော့ $999 ကစမှာ ဖြစ်ပြီး iPhone13 Pro Max ကတော့ $1099 ကနေစမှာဖြစ်ပါတယ်။ iPhone 12 ကိုလည်းဈေးလျှော့ပေးလိုက်ပါပြီ။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T