အောက်ဆီဂျင်ရှုရတဲ့အထိ ဆိုးဝါးတဲ့အခြေအနေတွေကို ကျော်ဖြတ်ပြီး ပြန်လည်ကောင်းမွန်လာလို့ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပြီဖြစ်တဲ့ ဦးချစ်စရာ

//s9.kh1.co/b8/b8d3f004f3b22670353daf07fc0ad73a1910a87e.jpg
အနုပညာရှင်များ

 ၁၅-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိတ်သတ်များရဲ့ အချစ်တော် တစ်ဦးဖြစ်သူ ဟာသသရုပ်ဆောင် ဦးချစ်စရာဟာ ပြီးခဲ့တဲ့ ရက်ပိုင်လောက်က အရေးပေါ်ဆေးရုံတက်ရောက်ပြီး ဆေးကုသခံယူနေရတာ ဖြစ်ပါတယ်။လက်ရှိမှာ ဆီးချို နဲ့ နှလုံးရောဂါ ခံစားနေရသလို နားသိပ်မကြားရ၊ မျက်လုံးလည်း မှုန်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ စတင်ဘာလ(၅) ရက်နေ့တုန်းက ဦးချစ်စရာဟာ ကျန်းမာရေးအနည်းငယ် ချို့ယွင်းလာကာ ရုတ်တရက် အောက်ဆီဂျင်ကျခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw

ဦးချစ်စရာအတွက် လိုအပ်လာတဲ့ အောက်ဆီဂျင်အိုးများကိုလည်း ဝေဠုကျော်ကိုယ်တိုင် သွားရောက်ပြီး ကူညီလုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ စတင်ဘာလ (၇)ရက်နေ့မှာတော့ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးဝါးလာတာ​ကြောင့် ဆေးရုံတက်ရောက် ကုသနေခဲ့တာ ဖြစ်ပါတယ်။ အောက်ဆီဂျင်ကျတာကြောင့် ဦးချစ်စရာအား မိသားစုဝင်များက ကိုဗစ်ရောဂါလို့ထင်ခဲ့ပေမယ့် ဆေးစစ်ဆေးချက်တွေအရ Nagative ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw

ယမန်နေ့ကတော့ ဦးချစ်စရာဟာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသည့်အတွက် ဆေးရုံကနေ ဆင်းလာခဲ့ပြီဖြစ်ကြောင်း ဝေဠုကျော်ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြလာခဲ့ပါတယ်။ ဦးချစ်စရာရဲ့ လိုအပ်တာတွေကို ဝေဠုကျော်တို့ကပဲ ကူညီလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ကျန်းမာရေးပြန်လည် ကောင်းမွန်လာတဲ့ ဦးချစ်စရာရဲ့ ပုံရိပ်တချို့ကို ဖော်ပြပေးရင်း ပရိသတ်တွေကလည်း ဆုတောင်းပေးကြပါဦးနော်။

သတင်း အရင်းအမြစ်Source - Wai Lu Kyaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T