ဒီးမော့ဆို ကဒါးလားရွာတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကျောင်းဆရာလေးအောင်နိုင်နဲ့ ပီတာဂျွန်တို့ရဲ့ နောက်ဆုံးဈာပနကို မျက်ရည်တွေနဲ့လိုက်ပါပို့ဆောင်ခဲ့ကြတဲ့ PDF ရဲဘော်များ

//s9.kh1.co/6f/6f6a23137f2d459f3b73851b29aa8610f77863e9.jpeg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

..

စက်တင်ဘာလ(၁၄)ရက်နေ့က ကယားပြည် ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်ကြား ကဒါးလားရွာမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဖက် ကျဆုံးမှုတွေရှိခဲ့ကြပါတယ်။ စကစတပ်ဖွဲ့နဲ့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော် (KA) ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF တပ်သားနှစ်ဦး ကျဆုံးခဲ့ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ကျဆုံးသွားကြတဲ့ သူရဲကောင်းနှစ်ဦးဟာ မောင်ဆီမိုးနယ် (ခ) အောင်နိုင်နဲ့ မောင်ပီတာတို့ဖြစ်ပြီး စကစဘက်ကလည်း သုံးဦးထက်မနည်းကျဆုံးတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်းရဲဘော်တွေဖြစ်ကြတဲ့ အောင်နိုင်နဲ့ ပီတာဂျွန်တို့ရဲ့ ရုပ်အလောင်းကိုတော့ ညနေပိုင်းမှာ မြေမြှုပ်ဂြိုလ်ပြီး နောက်ဆုံးဈာပနကို PDF ရဲဘော်တွေက ဝမ်းနည်းစွာနဲ့ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ကျောင်းဆရာဖြစ်တဲ့ မောင်ဆီမိုနယ်(ခ) အောင်နိုင်ဟာ မြေဖြူကိုင်မယ့်အစား ပြည်သူတွေအတွက် လက်နက်ကိုင်တော်လှန်ခဲ့ပြီး ပီတာဂျွန်ကတော့ အသက်တောင်မပြည့်သေးပေမယ့် ရဲရင့်စွာ တိုက်ပွဲဝင် ကျဆုံးသွားကြတာမို့ အားလုံးက ရင်နင့်စွာနဲ့ ဝမ်းနည်းမဆုံးဖြစ်နေကြတာ ဖြစ်ပါတယ်။ အသက်ပေးခဲ့တဲ့အထိ တာဝန်ကျေလွန်းကြတဲ့ သူရဲကောင်းရဲဘော်နှစ်ယောက်ကို ပြည်သူတွေကလည်း လေးစားဂုဏ်ပြုရင်း ကောင်းရာသုဂတိလားစေဖို့အတွက် ဆုတောင်းပေးနေကြတာလည်း တွေ့ရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T