ဂျာမဏီနိုင်ငံက Oldenburg International Film Festival မှာ ပြသဖို့ ရွေးချယ်ခြင်းခံထားရတဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး

//s9.kh1.co/d1/d1e672a216cce4b7d2dce7b3a6deb2bb03753e16.jpg
အနုပညာရှင်များ

 ၁၅-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာ့ရုပ်ရှင်လောကရဲ့ Queen တွေလို့တောင်တင်စားခံရတဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့နှစ်ယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ "what happened to the wolf? ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer များဟာ လက်ရှိမှာ ထွက်ပေါ်လာခဲ့တာ တွေ့ရပါတယ်။ "what happened to the wolf? ရုပ်ရှင်ဇာတ်ကားကြီးဟာ ဂျာမဏီနိုင်ငံမှ Oldenburg International Film Festival တွင် Official Competitation အတွက် ရွေးချယ်ခြင်းခံထားရပြီး World Premiere အဖြစ်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Photo Credit - what happened to the wolf
Photo Credit - what happened to the wolf
Photo Credit - what happened to the wolf
Photo Credit - what happened to the wolf

Oldenburg International Film Festival ကို Oldenburg မြို့တွင် စက်တင်ဘာလ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်များဖြစ်တဲ့ အိန္ဒြာကျော်ဇင် ၊ ပိုင်ဖြိုးသု ၊ လွင်မိုးတို့အပြင် အောင်မြင့်မြတ်၊ Special Guest အနေနဲ့ ကျော်ထက်အောင် ၊ ထူးသာ၊ သီရိစိုး၊ အားကိုးရာ တို့က အားဖြည့် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရပါတယ်။

Photo Credit - what happened to the wolf
Photo Credit - what happened to the wolf
Photo Credit - what happened to the wolf
Photo Credit - what happened to the wolf

"what happened to the wolf? ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ဏကြီးကရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ထွက်လာပြီးတဲ့ အချိန်မှာလည်း အိန္ဒြာကျော်ဇင် ၊ ပိုင်ဖြိုးသု တို့အတွက် ပရိသတ်တွေကြားမှာ များစွာစိတ်မကောင်းဖြစ်ကြတာ တွေ့ရပါတယ်။ နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းတွေဖြစ်ပြီး သူတို့ရုပ်ရှင်ဇာတ်ကားအား Oldenburg International Film Festivalမှာ ပြသခွင့်ရချိန် ဖမ်းဆီးချုပ်နှောင်ခံရသူနဲ့ ထွက်ပြေးရှောင်ရှားနေရတဲ့ အဖြစ်တွေကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - what happened to the wolf

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T