စစ်ဘေးရှောင်ရင်း အခက်အခဲတွေကြားက မီးဖွားပေးခဲ့ရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/a0/a044fad0ff345899851d8594e645954686261138.jpg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုခက်ခက်ခဲခဲ မွေးဖွားပေးခဲ့ရလဲဆိုတာ သိချင်ရင်တော့ (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ခုလို အချိန်ကာလမှာ စစ်ဘေးရှောင်ပြည်သူတွေဟာ ယခင်ထက်ပိုမို များပြားလာကြပါတယ်။ယခုဆို ပြည်သူနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဟာလည်း ပိုမိုပြင်းထန်လာတဲ့အပြင် တစ်နေ့တစ်ခြား စစ်ဘေးရှောင်ပြည်သူတွေဟာ ပိုမိုများပြားလာပြီး အခက်အခဲများစွာကို ကြုံနေကြရပါတယ်။အထူးသဖြင့် တိုင်းရင်းသားပြည်နယ်တွေနဲ့ နယ်ဘက်တွေမှာ ပိုမို အခြေအနေဆိုးလာပါတယ်။

Photo Credit From Clean Yangon
Photo Credit From Clean Yangon
Photo Credit From Clean Yangon
Photo Credit From Clean Yangon

ဒါကြောင့်ပြည်သူအချို့ဟာလည်း နိုင်ငံရဲ့ တိုင်းပြည်အခြေအနေမကောင်းတဲ့ကြားကနေ စစ်ဘေးရှောင်ပြည်သူတွေကို စာနာစိတ်နဲ့ သွားရောက်ကူညီနေကြတာဖြစ်ပါတယ်။မိမိတတ်နိုင်တဲ့ ဘက်ကနေ ဆေးပညာဖြင့်ဖြစ်စေ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အသက်ဘေးအန္တရာယ်ကို တတပ်တအားစောင့်ရှောက်ရန်သွားရောက်ကူညီနေကြတာဖြစ်ပါတယ်။

Photo Credit From Standard Time Daily
Photo Credit From Standard Time Daily
Photo Credit From Standard Time Daily
Photo Credit From Standard Time Daily

ဒီလိုကူညီနေတဲ့ပြည်သူတွေထဲကတစ်ဦးကတော့

စစ်ဘေးရှောင်နေရင်း အခက်အခဲတွေကြားက ကလေးမွေးဖွားပေးခဲ့ရကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာတင်ထားပါတယ်။သူ့ဖော်ပြချက်အရ "မနက်၁နာရီမှာဖုန်းဝင်လာလို့ မွေးလူနာဆိုပြီး ကြားကြားချင်း အိပ်ချင်မူးတူးထပြီး ဆရာမနဲ့လိုတဲ့ပစ္စည်းတွေထည့်...ဟိုကိုရောက်ဖို့ဆိုင်ကယ်နဲ့အချိန်ကနာရီဝက်လောက်ကြာတယ်...လမ်းကကြမ်းတော့လမ်းတစ်ဝက်မှာဆိုင်ကယ်တစ်စီးကဘီးပေါက်....ဘာပဲပြောပြောပင်ပန်းရကျိုးနပ်ခဲ့တယ် ဘာလို့လဲဆိုတော့ မနက်၄း၄၀မှာချောချောချူချူနဲ့ မွေးဖွား ပေးနိုင်ခဲ့တယ် ..အမေနဲ့ကလေး ကျန်းမာပါတယ်"ဟုဆိုထားပါတယ်။ဒါ့အပြင် လူနာမှာ သားဦးလေးတစ်ယောက်ရှိပါသေးတယ်လို့လည်း သူကဆိုထားပါသေးတယ်။ ပြည်သူအချင်းချင်းကြားက ကူညီဖေးမတဲ့ ချစ်စရာကောင်းတဲ့အပြုအမူလေးကို ကြည့်ပြီးကြည်နူးပီတိဖြစ်နိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။

Photo Credit From Aung Thu Rain Moe
Photo Credit From Aung Thu Rain Moe
Photo Credit From Aung Thu Rain Moe
Photo Credit From Aung Thu Rain Moe
Photo Credit From Aung Thu Rain Moe
Photo Credit From Aung Thu Rain Moe
Photo Credit From Aung Thu Rain Moe
Photo Credit From Aung Thu Rain Moe
Photo Credit From Aung Thu Rain Moe
Photo Credit From Aung Thu Rain Moe
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T