အစားအသောက်ရှားပါးလွန်းလို့ အလှူရှင်တွေ ဆက်သွယ်တိုင်း အရမ်းပျော်ရကြောင်းရင်ဖွင့်လာတဲ့ PDF လူငယ်လေးတွေ

//s9.kh1.co/dc/dcce620b5fe0181449f3527692887dbf76118b26.png
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ဒုက္ခတွေခံရမယ်ဆိုတာသိသိရက်နဲ့ ဒီလမ်းကိုလျှောက်ခဲ့တဲ့ PDF လူငယ်လေးတွေဟာ တောထဲမှာ အနေအစားဆင်းရဲပြီး ဒုက္ခတွေရောက်ခဲ့ရပါတယ်။ PDF တွေအတွက် အဓိကထားပြီး လှူဒါန်းပေးခဲ့တဲ့ ပရဟိတအကျိုးတော်ဆောင်တစ်ယောက်ဟာ သူ့ရဲ့ခံစားချက်တစ်ချို့ကို လူမှုကွန်ယက်မှာ ပြောပြလာခဲ့ပါတယ်။ အမြဲလိုလို မသေထမင်း မသေဟင်းကိုသာမှီဝဲနေကြရပေမယ့် လူပီပီ အရသာကောင်းတာလေးတွေစားချင်တဲ့အချိန်လည်းရှိကြမှာပါ။ ဒီလိုအချိန်မှာ အလှူရှင်က ဆက်သွယ်လာတဲ့အချိန်တိုင်း အရမ်းကိုပျော်တယ်ဆိုတဲ့ PDF လေးတွေရဲ့စကားဟာ သူ့ကို စိတ်မကောင်းဖြစ်စေတယ်လို့ဆိုပါတယ်။

Photo Credit - KEEP on Smiling's FB Acc
Photo Credit - KEEP on Smiling's FB Acc

အလှူရှင်တွေရဲ့ကောင်းမွန်တဲ့စေတနာကို လိုအပ်တဲ့ရဲဘော်တွေအတွက် မရရအောင် အန္တရာယ်တွေကြားက သွားပို့ပေးတဲ့ သူ့ရဲ့စေတနာဟာလည်း တကယ်ကိုလေးစားစရာပါ။ ရှုးရှဲလက်ဖက်လေးနဲ့ ထမင်းကို နယ်စားပြီး အသက်ဆက်နေရတဲ့ PDF လေးဟာ ပြည်သူတစ်ရပ်လုံးကိုယ်စား တောထဲမှာအနစ်နာခံပြီး အာဏာရှင်ကိုတိုက်ထုတ်ဖို့ ကြိုးစားနေကြတာဖြစ်ကြောင်း ထပ်ပြီးအသိပေးခဲ့ပါသေးတယ်။

Photo Credit - KEEP on Smiling's FB Acc
Photo Credit - KEEP on Smiling's FB Acc
Photo Credit - KEEP on Smiling's FB Acc
Photo Credit - KEEP on Smiling's FB Acc

မိဘအိမ်မှာပန်းကန်တောင်မဆေးခဲ့ရတဲ့လူငယ်လေးတွေဟာ တောထဲမှာ ခြင်တွေဖြုတ်တွေ အကိုက်ခံပြီး နေရတဲ့အပြင် ဖြစ်သလိုနေ ဖြစ်သလိုစားရတဲ့ဒဏ်ကို အံတုပြီးနေကြတာဟာ ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ရဲရင့်တဲ့သတ္တိတွေကြောင့်ဆို အသေအချာပါပဲ။ ဒီလိုလူငယ်လေးတွေကို ဝိုင်းဝန်းလှူဒါန်းပေးကြဖို့အတွက် မေတ္တာရပ်ခံကြောင်းပြောပြီး လူငယ်လေးတွေအတွက် အလှူခံပေးလာခဲ့ပါတယ်။

Photo Credit - KEEP on Smiling's FB Acc
Photo Credit - KEEP on Smiling's FB Acc

သတင်း အရင်းအမြစ်KEEP on Smiling's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T