ယနေ့ နေ့လည်(၁၂)နာရီမှ စတင်ပြီးအင်တာနက်ပြတ်တောက်မှုတွေဖြစ်ပေါ်နေပြီဖြစ်တဲ့ မြို့နယ်များစာရင်း

//s9.kh1.co/c5/c58d51571cd597ee8406c17aa4c6e9e40bbd75fa.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီဒေးကြော်ငြာပြီးတဲ့ရက်တည်းကစကာ တိုက်ပွဲတွေလည်း ပြင်းထန်လာနေသလို နေရာအနှံ့မှာလည်း ဖိနှိပ်ဖမ်းဆီးမှုတွေ အများအပြားဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ မြို့ပေါ်ဒေသတွေမှာလည်း ပြည်သူတွေက သပိတ်တိုက်ပွဲတွေဆင်နွှဲနေကြသလို ဖောက်ခွဲမှုတွေနဲ့အတူ တော်လှန်ရေးတိုက်ပွဲတွေကို စတင်ပြီးလုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

စစ်ကိုင်း၊ မုံရွာနဲ့ ကနီဘက်တွေမှာဆိုရင်လည်း တိုက်ပွဲတွေဟာ နေ့တိုင်းလိုလိုဖြစ်နေပြီး အင်အားအလုံးအရင်းနဲ့ချေမှုန်းခံနေရတာလည်းဖြစ်ပါတယ်။ အခုလို တိုက်ပွဲတွေပြင်းထန်လာတာကြောင့် အင်တာနက်ဖြတ်တောက်မှုတွေစတင်လုပ်ဆောင်နေပြီး ဒီကနေ့ စက်တင်ဘာလ ၁၄ရက်နေ့ နေ့လည်ပိုင်းမှစတင်ကာ အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့အချို့ပါရှိလာနေပြီကို သိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

စစ်ကိုင်းတိုင်းရှိ ကနီ၊ ပုလဲ၊ ဘုတလင်၊ ယင်းမာပင်၊ အရာတော်မြို့တွေနဲ့ မန္တလေးတိုင်းရှိ မိုးကုတ်၊ မြင်းခြံမြို့တွေအပြင် မကွေးတိုင်းရှိ တောင်တွင်းကြီးမြို့နယ်တွေမှာ အင်တာနက်ပြတ်တောက်မှုတွေဖြစ်ပေါ်နေပြီလို့ သိရပါတယ်။ စစ်ကိုင်းတိုင်းကရွာအချို့မှာ အင်တာနက်ပြတ်တာနဲ့အပြိုင် ရွာတွေကို မီးရှို့တာတွေပါလုပ်ဆောင်နေတာတွေရှိတယ်လို့လည်း သိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T