လူတော်တော်များများက အသား၊ ငါးထဲမှာဆိုရင် ဝက်သားကို ပိုကြိုက်ကြတာများပါတယ်။ ဝက်သားက ခေါင်းအစ အမြီးအဆုံး အကုန်စားလို့ရပေမယ့် ဒီအစိတ်အပိုင်း (၅) ခုကတော့ လူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်လို့ ရှောင်စားသင့်ပါတယ်နော်။
ဝက်အသည်း
အသည်းက ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို စွန့်ပစ်ပေးရတာမို့ ကိုလက်စထရောနဲ့ သံဓါတ်အပြင်းစားတွေ ပါဝင်တာကြောင့် စားသုံးဖို့ မသင့်တော်ပါဘူး။
ဝက်အဆုတ်
ဝက်ရဲ့ နှာခေါင်းက နေ့စဉ် ရှုသွင်းလိုက်တဲ့ အညစ်အကြေးတွေက အဆုပ်မှာ စုနေတာပါတယ်။ ဝက်အဆုပ်မှာ ဘက်တီးရီးယားနဲ့ အညစ်ကြေးများစွာ ပါရှိနေတာကြောင့် စားသုံးဖို့ မသင့်တော်ပါဘူး။
ဝက်အူ
ဝက်ရဲ့အညစ်အကြေးတွေနဲ့ အစာမချေရသေးတာတွေကို အူမှာ သိုလှောင်ရတာကြောင့် ဝက်အူဟာ အညစ်ပတ်ဆုံးနေရာဖြစ်ပါတယ်။ ဝက်အူကို သေချာမချက်ပဲစားရင်တော့ ဂေါက်ရောဂါ၊ ပန်ကရိယ၊ အသည်းအဆီဖုံးနဲ့ အဝလွန်ရောဂါတွေ ဖြစ်စေပါတယ်။
ဝက်ဦးနှောက်
ဝက်ဦးနှောက်က အဟာရဓါတ် အလွန်ကြွယ်ဝတဲ့အပြင် ၁၀၀ ဂရမ်အလေးချိန်မှာ ၂၅၀၀ မီလီဂရမ် ကိုလက်စထရောပါဝင်တာကြောင့် လူတစ်ယောက် တစ်နေ့တာမှာ လိုအပ်တဲ့ အာဟာရပမာဏထက် ၈ ဆ ပိုများတဲ့အတွက် အန္တရာယ်ရှိပါတယ်။
ဝက်သွေး
ဝက်သွေးမှာ အဆိပ်အတောက်များစွာပါဝင်တာမို့ သေသေချာချာကျက်အောင် ချက်ပြုတ်စားသောက်မယ်ဆိုရင် အန္တရာယ်မဖြစ်နိုင်ပေမယ့် သေချာမချက်ပဲစားရင်တော့ အလွန်အန္တရာယ်များပါတယ်။