(၅)နှစ်အရွယ် ကလေးငယ်(၁)ဦး သေဆုံးသွားရတဲ့အထိ ဆိုးဆိုးဝါးဝါး ဖြစ်သွားခဲ့တဲ့ မကွေးမြို့က ဗုံးပေါက်ကွဲမှု

//s9.kh1.co/d1/d17237ca7f688d7e7880157dba012e6d06b7bb8c.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြို့နယ်တချို့တွေမှာ ဗုံးပေါက်ကွဲမှုတွေကလည်း နေ့စဉ်ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာအများစုကတော့ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံတွေ စစ်ဆေးရေးလုပ်ဆောင်နေတဲ့ ဂိတ်များ၊ ပါတီဝင်ရုံးများအပါဝင် ၎င်းတို့ အနီးတဝိုက်နေရာတွေမှာ ပိုမိုဖြစ်ပွားတာ တွေ့ရပါတယ်။ ဒီလို ဗုံးပေါက်ကွဲမှု ဖြစ်စဥ်တွေမှာ လူထိခိုက်ဒဏ်ရာရရှိမှုတွေအပြင် အသက်သေဆုံးသွားတဲ့အထိ ဆိုးဝါးစွာ ဖြစ်ပေါ်လာခဲ့ပါတယ်။

Photo Credit - မကွေးသတင်း
Photo Credit - မကွေးသတင်း
Photo Credit - မကွေးသတင်း
Photo Credit - မကွေးသတင်း

ဒီကနေ့ စတင်ဘာလ (၁၄) ရက်နေ့မှာလည်း မကွေးတိုင်းဒေသကြီး၊ မကွေးမြို့က ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးရှေ့မှာ ဗုံးပေါက်ကွဲမှု ဆိုးဝါးစွာ ဖြစ်ပွားခဲ့ကြောင်း ကြားသိရပါတယ်။ စိတ်မကောင်းစရာကတော့ ယင်းဗုံးပေါက်ကွဲမှုကြောင့် (၅)နှစ်အရွယ် ကလေးငယ်(၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရရှိကြောင်း ဒေသသတင်းများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit - မကွေးသတင်း
Photo Credit - မကွေးသတင်း
Photo Credit - မကွေးသတင်း
Photo Credit - မကွေးသတင်း

ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးရှေ့မှာ ဗုံးပေါက်ကွဲပြီး အနီးအနားက ကွမ်းယာဆိုင်ကို ထိမှန်ခဲ့တာကြောင့် ဆိုင်အတွင်းက ကလေးငယ်တစ်ဦး သေဆုံးသွားတဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့ပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လူတစ်စုက လာရောက်စစ်ဆေးမှုများပြုလုပ်ပြီး လုံခြုံရေးများ ချထားကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပရိသတ်တွေလည်း ပြန်လည်သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - မကွေးသတင်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T