လာနားတဲ့ တရိစ္ဆာန်လေးတွေကို မံမီရုပ်ကြွင်းတွေလို ဖြစ်သွားစေတယ်လို့ ပြောကြတဲ့ Natron ရေကန်

//s9.kh1.co/66/66e85a8f5d0c7e0ac2f774694dec458d029ee2f9.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီရေကန်ကြီးကိုတော့ Natron ရေကန်လို့ခေါ်ပြီး အာဖရိက အရှေ့ပိုင်းက တာဇန်းနီးယားနိုင်ငံမြောက်ပိုင်းမှာ တည်ရှိပါတယ်။

Natron ကန်လို့ခေါ်ရတဲ့ အကြောင်းရင်းကတော့ ဒီကန်မှာ Natron လို့ခေါ်တဲ့ သဘာဝဓာတ်တစ်မျိုးရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=167,h=301,q=100/e0/e00ea2afa87c079c0fcf6ae323e6b93cb24490ec.jpeg
https://s9.kh1.co/__image/w=275,h=183,q=100/5a/5af6e930ebeee484c43c369eeb7a5d81b20cad28.jpeg

ဒီကန်ဟာအလွန်အန္တရာယ်များတဲ့ ကန်ကြီးဖြစ်တာကြောင့်လည်း သတ္တဝါအများစုက ရှောင်ရှားလေ့ရှိကြပါတယ်။

ဘာ့ကြောင့်လဲဆိုရင် ဒီကန်ကြီးဟာ အပူချိန် ၁၂၀ ဒီဂရီဖာရင်ဟိုက် အထိမြင့်မားတတ်သလို ဆားဓာတ်အလွန်များပြားပြီး တိရစ္ဆာန်တွေကို အဆိပ်သင့်စေလို့ပဲဖြစ်ပါတယ်။

ဒီဓာတ်ဟာ ပြင်းထန်တဲ့ထုံးဓာတ်တစ်မျိုးဖြစ်ပြီး တရိစ္ဆာန်တွေကို မံမီရုပ်ကြွင်းအဖြစ်ပြောင်းလဲသွားစေနိုင်တယ်လို့ ပြောကြပါတယ်။

https://s9.kh1.co/__image/w=561,h=700,q=100/6d/6ddeca7e595808168d9d8da36d02ed7777cbdec6.jpg
https://s9.kh1.co/__image/w=600,h=751,q=100/22/227877f44a1d4c49e5f40b431e9aecf2098396e8.jpg

အခုမြင်တွေ့နေရတဲ့ ဓာတ်ပုံတွေကိုတော့ ဓာတ်ပုံဆရာ Nick Brandt ကရိုက်ကူးခဲ့တာဖြစ်ပြီး ဓါတ်ငွေ့ကာ အင်္ကျီကို ဝတ်ဆင်ပြီးစွန့်စား ရိုက်ကူးခဲ့တာဖြစ်ပါတယ်လို့ သိရပါတယ်။

Nick Brandt ဟာ "သူတို့ဘယ်လိုသေတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူး။ ဒါပေမယ့် ကန်ရေမျက်နှာပြင်ရဲ့ သဘာဝဟာ သူတို့ကို စိတ်ရှုပ်ထွေးသွားစေပြီးတော့ ကန်ထဲပြုတ်ကျတာ ဖြစ်နိုင်ပါတယ်" လို့ ပြောကြားထားတာတွေ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=502,q=100/85/854d241f2de8174de4340fbf71ba39f1e82755bd.jpg
https://s9.kh1.co/__image/w=600,h=480,q=100/55/55f18b9389d3300b03d86513d86b316b99280ab1.jpg

သတင်း အရင်းအမြစ်Petapixel

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T