လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ Minglar Mandalay New Ocean ပေါ်ထိတက်ကာ ဆန္ဒပြသပိတ်ပြုလုပ်ခဲ့ကြတဲ့ မန္တလေးသားများ

//s9.kh1.co/aa/aa34dcdbbaa4ab05bf6c1eba59d09e1746111a16.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

တော်လှန်ရေးအရှိန်အဟုန်မြင့်လာတာနဲ့အမျှ တိုက်ပွဲတွေလည်းပြင်းထန်လာသလို မြို့ပေါ်တွေမှာလည်း ဆန္ဒပြသပိတ်တွေဆက်တိုက်အားကောင်းလာနေပြီး ပြောက်ကျားသပိတ်တိုက်ပွဲတွေက နေ့ရက်တိုင်းလိုလိုဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ယမန်နေ့ကလည်း ရန်ကုန်ရှိလူစည်ကားရာ နေရာတစ်ခုဖြစ်တဲ့ မြန်မာပလာဇာမှာလူငယ်တွေစုပေါင်းပြီး ဆန္ဒပြခဲ့ကြသလို ဒီကနေ့ စက်တင်ဘာလ ၁၄ရက်နေ့မှာလည်း Minglar Mandalay New Ocean မှာဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

Photo credit-Spring DIARY's Facebook page
Photo credit-Spring DIARY's Facebook page

"ကျွန်တော်တို့မှာ အားကိုးစရာပြည်သူပဲရှိပါတယ်" ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသလို လက်ကမ်းစာစဉ်တွေပါ ကြဲချပြီး ပြည်သူလူထုကို နှိုးဆော်တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။ ဈေး၀ယ်ပြည်သူတွေကလည်း ကြွေးကြော်သံကြားတာနဲ့ ချက်ချင်းပူးပေါင်းပါ၀င်ခဲ့ကြပြီး လက်သုံးချောင်းထောင်ကာ ဆန္ဒပြခဲ့ကြတာတွေ့ရပါတယ်။

Photo credit-Spring DIARY'S Facebook page
Photo credit-Spring DIARY'S Facebook page
Photo credit-Spring DIARY'S Facebook page
Photo credit-Spring DIARY'S Facebook page

ပြည်သူလူထုဟာ ရရာနည်းလမ်းနဲ့ ရောက်တဲ့နေရာကနေ အာဏာရှင်အလိုမရှိကြောင်း ထုတ်ဖော်နေကြတာကို တွေ့ရပါတယ်။ လူထူထူ လူစုစုမှာ လက်သုံးချောင်းထောင်လိုက်တာနဲ့ ကြွေးကြော်သံတိုင်လိုက်တာနဲ့ အာဏာရှင်ကိုအလိုမရှိကြောင်း ဆန့်ကျင်ကြတဲ့ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ဒီပုံရိပ်တွေမှာ အထင်းသားမြင်တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Spring DIARY's Facebook page
Photo credit-Spring DIARY's Facebook page
Photo credit-Spring DIARY'S Facebook page
Photo credit-Spring DIARY'S Facebook page

သတင်း အရင်းအမြစ်Spring DIARY's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T