နွမ်းပါး အိမ်ထောင်စုများရဲ့ စားဝတ်နေရေး အခက်အခဲတွေကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးခဲ့တဲ့ မြန်မာမွတ်စ်လင်မ် လူမှုကူညီရေးအသင်း

//s9.kh1.co/b0/b0182e850671b5ade0a130d7063f11d8275c6761.jpeg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာလူမျိုးတွေကတော့ အရေးကြုံလာရင် လူမျိုးဘာသာမရွေးဘဲ ကူညီဖေးမကြတာ လေးစားစရာ စိတ်ဓာတ်တွေပါပဲ ။ လှူဒါန်းပေးကမ်းရာမှာလည်း သဒ္ဓါတရား ထက်သန်စွာ အရမ်းရက်ရောကြလို့ ကိုယ့်ရဲ့ အဆင်မပြေမှုတွေကိုတောင်မေ့လျော့ပြီး တစ်ပါးသူတွေအတွက် တတ်စွမ်းသလောက် ကူညီပေးနေကြတာပါ ။ ဒီလိုကာလတွေမှာလည်း အားလုံးက စည်းစည်းလုံးလုံးနဲ့ အရာရာကို ရင်ဆိုင် အားတင်းကာ ဖြတ်သန်းလျက်ရှိပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလို လှူဒါန်းပေးကြသူတွေ အထဲမှာ ရဟန်းသံဃာတွေလည်း ပါဝင်ကြသလို ၊ ဘာသာခြားတွေလည်း ရှေ့ဆုံးကနေ ပါဝင်နေတာကို တွေ့ရပါတယ် ။ အားလုံးက လူတန်းစားမရွေး တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေတာကြောင့် အဆင်မပြေကြသူတွေ အတွက်ကတော့ ကြည်နူးပီတိဖြစ်ရတဲ့ သတင်းကောင်းတွေပါပဲ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း ဒေးဒရဲမြို့မှာ ပထမဆုံး အကြိမ် ဘာသာပေါင်းစုံ စုပေါင်းဆန်လှူပွဲကို ပြုလုပ်ခဲ့ကြပါတယ် ။ လူမျိုးဘာသာမရွေး ဖြစ်တဲ့ နွမ်းပါးအိမ်ထောင်စု (၂၁၄)စာ အတွက် တစ်အိမ်ထောင်လျှင် ဆန် (၅) ပြည်စီကို ဂျာမေဗလီကြီးတွင် ဝေမျှလှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ် ။ အလှူပုံတွေကြည့်ပြီး ကြည်နူး ပီတိဖြစ်မိတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T