မြင်တွေ့ရတာ လှပသလောက် လူတွေကိုလည်း သေဆုံးစေနိုင်တဲ့ ရေပူစမ်း

//s9.kh1.co/8b/8b61f4b0dcf1be4a0e6e8360165778e80efbbf37.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အမေရိကန်နိုင်ငံ Wyoming မှာရှိတဲ့ Yellowstone fountain paint pot ကတော့ထူးဆန်းမှုတွေများစွာရှိနေတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ၎င်းနေရာကတော့ ကမ္ဘာ့အတွင်းပိုင်းချော်ရည်ကြောနဲ့ ကပ်ငြိနေတာကြောင့်ရွှံမီးတောင်သဖွယ်ဖြစ်နေတဲ့ရေပူစမ်းတစ်ခုပဲဖြစ်ပါတယ်။ထိုနေရာကထွက်လာတဲ့ ရေတွေ ၊ရွှံ့တွေဟာဆိုရင်လည်း အရောင်အဆင်းလုံးဝတူညီမှုမရှိကြပါဘူး။

https://s9.kh1.co/__image/w=600,h=338,q=100/3e/3e9f0796afd7696c09c9d97fa0bbc6950aa46297.jpg

အရောင်မတူရတဲ့အကြောင်းအရင်းကတော့ ရွှံထဲမှာပါနေတဲ့ သံဓာတ်ဟာ oxidation states ဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။ Oxidation states ဆိုတာကတော့ သံတွေက အလွန်ပူူပြင်းတဲ့ကမ္ဘာ့ အတွင်းပိုင်းအပူရှိန်ကြောင့် ဓာတ်ပြောင်းလဲမှုဖြစ်ပေါ်ပြီး အီလက်ထရွန်ဓာတ်ဆုံးရှုံးကာ အရောင်ပြောင်းလဲမှုတွေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

၎င်းနေရာကတော့ တစ်ခါတစ်ရံမှာ ရွှံ့မီးတောင်လေးတွေပေါက်ထွက်တတ်သလို ရေတွေလည်းပန်းထွက်တတ်တာကြောင့် ခရီးသွားတွေကလာရောက်လာပတ်လေ့ရှိကြပါတယ်။

https://s9.kh1.co/__image/w=600,h=425,q=100/38/383f28b06bea7077d9a196b509791f0c24329900.jpg

ဒါပေမယ့် လာရောက်လည်ပတ်ခဲ့တဲ့ သူတွေများစွာထဲမှာမှ ဒေးဗစ်ဆိုတဲ့သူတစ်ယောက်ကတော့ သူ့ရဲ့အိမ်မွေးခွေးလေးက ထိုကန်ထဲကိုပြုတ်ကြခဲ့တဲ့အတွက် ဆင်းဆယ်ရာမှာတော့ အမလေးဆိုတဲ့အော်သံကြီးနှင့်အတူ ယက်ကန်ကန်ဖြစ်ကာ ငါမရတော့ဘူးဆိုပြီးကမ်းပေါ်ပြန်တက်လာခဲ့ပေမယ့် တခဏအကြာမှာတင်သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့ရတဲ့အကြောင်းရင်းကတော့ ကန်ထဲကပြန်တက်လာတဲ့သူ့ခန္ဓာကိုယ်ဟာ ရေနွေးပူနဲ့ပြုတ်ခံထားရသလိုဖြစ်နေပြီး ရာနှုန်းပြည့် လောင်ကျွမ်းနေပြီးသားအခြေအနေဖြစ်တာကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ဒေးဗစ်သေဆုံးပြီးချိန်မှာတော့ ကန်ရဲ့အပူချိန်ကိုစစ်ကြည့်တဲ့အခါမှာတော့ 200 ံF ထိရှိနေတာပဲဖြစ်ပါတယ်။ဒါ့ကြောင့်ပရိတ်သတ်တွေလဲ ရေပူစမ်းထဲဆင်းမယ်ဆိုရင် အပူချိန်ကိုအရင်စစ်ကြဖို့မမေ့ကြနဲ့နော်။

https://s9.kh1.co/__image/w=600,h=398,q=100/02/025bdddcfbf04298f3e6bd8aacd1eb895fba95a1.jpg
https://s9.kh1.co/__image/w=600,h=400,q=100/3d/3d358d6b7cbcf01a9f1383240a225b5e9f50c354.jpg

သတင်း အရင်းအမြစ်chicago tribume

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T