စက်တင်ဘာလ (၁၂)ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ "Video Music Awards 2021"ပွဲကြီးကတော့အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီပွဲကြီးကိုတက်ရောက်လာကြတဲ့ နာမည်ကြီးအနုပညာရှင်များစွာက ဆန်းသစ်တဲ့ ဒီဇိုင်းအပြင်အဆင်တွေနဲ့ Red carpet ပေါ်မှာ လျှောက်လှမ်းခဲ့ကြတာဖြစ်ပါတယ်။တစ်နှစ်မှတစ်ခါသာကျင်းပတဲ့ VMAs ပွဲကြီးကတော့ နာမည်ကြီး Rapper တွေ၊အဆိုတော်တွေ၊တေးရေးဆရာတွေများစွာနဲ့စည်ကားသိုက်မြိုက်ခဲ့ပါတယ်။
အဲ့ဒီပွဲကို Justin Bieber တို့ဇနီးမောင်နှံနှစ်ယောက်ကလည်း တက်ရောက်ခဲ့ကြပါတယ်။ Justin က Best Pop Video (Peaches)၊Cinematography (Holy)၊ Best Collaboration (Peaches)၊ Best Editing (Peaches) စတာတွေနဲ့ Nomination ဝင်ခဲ့တာဖြစ်ပါတယ်။ရရှိခဲ့တဲ့ဆုတွေကတော့ Artist Of The Year နဲ့ Best Pop Video (Peaches) တို့ပဲဖြစ်ပါတယ်။Justin ရဲ့အောင်မြင်မှုကြောင့် နိုင်ငံအသီးသီးမှာရှိကြတဲ့ပရိသတ်တွေကလည်း ထပ်တူဝမ်းသာခဲ့ကြပါတယ်။
Justin ကတော့ ဆုနှစ်ဆုရရှိခဲ့တာကြောင့် စင်ပေါ်တက်ပြီး ကျေးဇူးတင်စကားပြောခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့ကျေးဇူးတင်စကားထဲမှာ ချစ်ဇနီးချောလေးကိုပါ သတိတရနဲ့ အရမ်းချစ်တယ်လို့ပြောသွားတာကြောင့် Hailey ကလည်း စင်အောက်ကနေကြည်နူးပီတိဖြာနေခဲ့တာကို ဗီဒီယိုထဲမှာတွေ့မြင်ရပါတယ်။Justin ရဲ့ကြိုးစားမှုတွေကအရာထင်ပြီး အခုလိုဆုတွေရရှိခဲ့တာဖြစ်လို့ ပရိသတ်တွေကလည်း အရမ်းပျော်ရွှင်ခဲ့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo Credit:Justin Bieber’s Fb acc
Source&Video Credit: Original Uploder