ဝေးကွာနေကြတဲ့အချိန်မှာတောင် အချစ်ပိုလာအောင် ချစ်သူနှစ်ဦး လုပ်လို့ရမယ့်နည်းလမ်းများ

//s9.kh1.co/e4/e48c6ce77e32499e064f4fa9b6adeaf6a8b43f27.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သွေးမအေးအောင် လုပ်လို့ရမယ့်နည်းလမ်းတွေကတော့.... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

စုံတွဲတွေအနေနဲ့ ချစ်ရသူနဲ့တူတူရှိကြရတာဟာ ဆုလာဘ်တစ်ခုပါပဲ။ဝေးကွာနေကြရရင်တော့ တူတူမရှိနိုင်ကြတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအားဖြင့် ခက်ခဲတဲ့အရာတွေကို ရင်ဆိုင်ရလေ့ရှိကြပါတယ်။ချစ်ရသူ(၂)ဦးအနေနဲ့ အမြဲမတွေ့နိုင်တာတွေ၊မတူညီတဲ့Time Zone တွေရှိနေတဲ့အချိန်မျိုးမှာဆိုရင် ပုံမှန်ထက် ပိုပြီး စိတ်ရှည်မှသာ ဒီ Relationship တစ်ခုဟာ ရေရှည်တည်မြဲမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ LDRS ဘဝနဲ့ ဖြတ်သန်းနေရတဲ့စုံတွဲတွေကို ရေရှည်တည်မြဲစေမယ့်အပြင် ဝေးနေရတဲ့အချိန်မှာတောင် သွေးမအေးပဲ ပိုချစ်လာစေမယ့် နည်းလမ်းလေးတွေကို တတ်မှတ်ထားသလောက်ပြောပြပေးသွားပါရစေ။

Photo Credit From Google
Photo Credit From Google

၁။အဆက်အသွယ်မပြတ်ပါစေနဲ့။

သင်တို့(၂)ဦးလုံးဟာဝေးကွာနေတဲ့အတွက် စိတ်ပူရင်တောင် ပြေးလာလို့မရတဲ့အခြေအနေမျိုးမှာဆို အဆက်အသွယ်မရခြင်းက သင်တို့ရဲ့စိတ်ကိုအရမ်းထိခိုက်စေပါတယ်။ဒီတော့ အချိန်ရရင် ရသလို စာတိုလေး၁ကြောင်းပို့ထားတာဖြစ်ဖြစ်၊ဖုန်းခေါ်တာမျိုးဖြစ်ဖြစ် အဆက်အသွယ်အမြဲလုပ်ပါ။(၂)ယောက်လုံးအားလပ်တဲ့အချိန်ဆိုရင်တော့ ကိုယ့်ရဲ့နိစ္စဓူဝအကြောင်းအရာတွေပြောပြရင်းအချိန်တူတူကုန်ဆုံးနိုင်ပါတယ်။အဲ့လိုကနေလည်း ​ပျော်စရာအချိန်လေးတွေဖန်တီးလို့ရပါတယ်။(ဥပမာ-ကြည့်မရတဲ့လူအကြောင်း ရယ်စရာလုပ်ပြောတာမျိုးပေါ့)

Photo Credit From Google
Photo Credit From Google

၂။Virtual Date ကိုမဖြစ်မနေဖန်တီးပါ။

ဝေးကွာနေချိန်မှာ တူတူမရှိရတဲ့အတွက် Date ဖို့ဆိုတာလည်းမဖြစ်နိုင်တဲ့အတွက် Skype,Messenger အစရှိတဲ့ Social Media တွေကနေ Video Call နဲ့ virtual date ကို မဖြစ်မနေအချိန်ပေးပြီးဖန်တီးပါ။ရုပ်ရှင်တူတူကြည့်တာပဲဖြစ်စေ၊စကားပြောတာပဲဖြစ်စေ၊တူတူမုန့်စားတာပဲဖြစ်စေ လုပ်ကြည့်ပါ။စိတ်ဝင်စားစရာကောင်းပြီးပျော်စေပါတယ်။

Photo Credit From Google
Photo Credit From Google

၃။သံသယကို အတတ်နိုင်ဆုံးလျှော့ပါ။

ဝေးကွာနေရတဲ့အချိန်ဟာ စိတ်ကုန်စိတ်ပျက်ဖို့ အလွယ်ဆုံးအချိန်ပါပဲ။အဲ့လိုအချိန်မျိုးမှာ ပိုပြီးယုံကြည်ပေးပါ။အမြဲတမ်းယုံကြည်နေကြောင်း၊စိတ်ချကြောင်းကိုလည်းပြောပေးပါ။ဒါမှလည်းတစ်ဖက်က ငါ့ကို ယုံကြည်ပေးနေတယ်ဆိုတဲ့စိတ်နဲ့တင် ကြည်နူးရပါတယ်။(အခွင့်ကောင်းယူပြီးတော့တော့ သစ္စာမဖောက်ရဘူးနော်)

Photo Credit From Google
Photo Credit From Google

၄။သစ္စာရှိပါ။

ဝေးကွာနေရတယ်ဆိုတာ ချစ်သူ(၂)ဦး တစ်ချိန်မှာနီးစပ်ဖို့အတွက်ကြိုးစားနေရတာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့် တူတူကြိုးစားနေရတဲ့ကာလမှာ အစားထိုးပြီးသစ္စာဖောက်တာလုံးဝမလုပ်ပါနဲ့။ဒါဟာ အခြေခံစောင့်သိရမယ့်အချက်ဖြစ်ပါတယ်။သစ္စာရှိပေးနေတဲ့အတွက်ကြောင့် တစ်ဖက်လူကလည်း ဒီအချက်နဲ့တင် အချစ်မပေါ့တဲ့အပြင် ကိုယ့်ကိုတန်ဖိုးထားပြီးပိုချစ်လာနိုင်စေပါတယ်။

Photo Credit From Google
Photo Credit From Google

၅။ချစ်ကြောင်းတဖွဖွပြောပါ။

ဝေးကွာနေတဲ့ချစ်သူတွေမှာ သာမန်စုံတွဲတွေထက် နွေးထွေးမှုပိုလိုအပ်ကြပါတယ်။ဒါကြောင့်ချစ်ရကြောင်းကိုအမြဲတဖွဖွပြောပေးပါ။အချစ်ပိိုလာမှာအသေအချာပါပဲနော်။

ဒီတော့ဒီအချက်လေးတွေကို သေချာလုပ်ကြည့်ပြီး ဝေးကွာနေတဲ့ LDRS ဆက်ဆံရေးလေးကို ပိုမိုနွေးထွေးအောင်လုပ်လိုက်ကြရအောင်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T