ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အနားမှာအတူရှိပြီး အေးအတူပူအမျှဖြတ်သန်းပေးတဲ့ ချစ်ဇနီးကို အမှတ်တရမွေးနေ့ဆုတောင်းပေးလာတဲ့ သားငယ်

//s9.kh1.co/fd/fde3330daec8edea0d7b427cb87027da3f91c020.jpg
အနုပညာရှင်များ

 ၁၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အနားမှာအတူရှိပြီး အေးအတူပူအမျှဖြတ်သန်းပေးတဲ့ ချစ်ဇနီးကို အမှတ်တရမွေးနေ့ဆုတောင်းပေးလာတဲ့ သားငယ်

"Myanmar Idol Season 2" ရဲ့Winner ဆုရှင်ဖြစ်တဲ့ အဆိုတော်သားငယ်ကတော့ ပြိုင်ပွဲပြီးကတည်းက ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ သားငယ်က သီချင်းတွေထွက်ရှိပြီး ပရိသတ်တွေရဲ့အားပေးမှုကို ဆက်လက်ရရှိကာ အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုတော်မဖြစ်ခင်ကတည်းက အကြော်ရောင်းတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တဲ့ သားငယ်က အောင်မြင်ပြီးနောက်ပိုင်းမှာလည်း အကြော်ဆက်ရောင်းခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc

သားငယ်က သူ့ဘေးနားမှာ အေးအတူပူအမျှ ဖြတ်သန်းပေးတဲ့ ဘဝလက်တွဲဖော်ကောင်းကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ သားငယ်ရဲ့ချစ်ဇနီးလေးက ဘယ်အခြေအနေမျိုးမှာမဆို သူနဲ့အတူရှိပေးတဲ့အပြင် အလုပ်တွေကိုလည်း မောင်တစ်ထမ်း မယ်တစ်ရွက် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီနေ့မှာပဲ သားငယ်က သူ့ရဲ့ဇနီးသည်အတွက် အမှတ်တရမွေးနေ့ဆုမွန်ကောင်းတွေ တောင်းဆိုပေးထားတာ တွေ့ရပါတယ်။

Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc

သားငယ်က " Happy Birthday မိန်းမရေ ဒီနှစ် မွေးနေ့လက်ဆောင်ကတော့ ယောက်ျားကိုပဲယူလိုက်တော့နော် ? ချစ်တယ် ?" ဆိုပြီး လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မွေးနေ့ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ် ။ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတဲ့ သားငယ်တို့ဇနီးမောင်နှံကိုကြည့်ပြီး ပရိသတ်တွေကလည်း အားကျနေကြတာ ဖြစ်ပါတယ် ။ ဇနီးဖြစ်သူရဲ့မွေးနေ့မှာ အမှတ်တရတွေကို မျှဝေလာတဲ့ အဆိုတော် သားငယ်ရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Zaw Win Htun's FB Acc

Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc
Photo Credit-Zaw Win Htun's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T