ရာနဲ့ချီတဲ့ PDF တွေစုပေါင်းပြီး သွေးသစ္စာသီချင်းကို ပြိုင်တူ သီဆိုကာ ပထမဦးဆုံး လမ်းလျှောက်သပိတ်ကို ဆင်နွှဲခဲ့ကြတဲ့ ယင်းမာပင် မြို့က ဗီဒီယိုဖိုင်

//s9.kh1.co/f6/f6a023e4e2952b0a2236ab6983d940d7c8ce87b1.jpeg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံမှာ ရုတ်တရက် ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို လိုလားကြတဲ့ ပြည်သူတွေက မခံမရပ်နိုင်ဖြစ်ခဲ့ကြရပါတယ် ။ ဒါကြောင့်လည်း နေရာအနှံ့အပြားက ပြည်သူတွေက သူတို့ရဲ့ ယုံကြည်ချက်တွေကို ပြသဖို့ ပုံသဏ္ဌာန်မျိုးစုံ ဆန္ဒထုတ်ဖော်မှုတွေ ၊ ကြွေးကြော်သံတွေကို ဒီနေ့အထိ ရရင်ရသလို လှုပ်ရှားနေကြဆဲပါ ။

Photo Credit : We Are Everything WAE Facebook Page 
Photo Credit : We Are Everything WAE Facebook Page 

အခုလည်း ယင်းမာပင်မြို့နယ်က ရာနဲ့ ချီတဲ့ PDF တွေ စုပေါင်းပြီး သွေးသစ္စာသီချင်းကို ပြိုင်တူ သီဆိုကာ ကြွေးကြော်သံများနဲ့ ဆူညံစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဗီဒီယိုကိုတွေ့ရပါတယ် ။ ဒီလို PDF တွေ အနေနဲ့ လမ်းပေါ်ထွက်ကာ ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်ကြတာ ပထမဆုံး လို့လည်း သိရပါတယ် ။

Photo Credit : We Are Everything WAE Facebook Page 
Photo Credit : We Are Everything WAE Facebook Page 

"တို့ပြည်သူတွေညီရဲ့လားဟေ့ ညီတယ်ဟေ့ ညီတယ်ဟေ့ "လို့ဟစ်ကြွေးကာ ချီတက်လာတဲ့ ဗီဒီယိုထဲက မြင်ကွင်းတွေ တကယ်ကို ကြက်သီးထစရာပါပဲ ။ ဒါ့အပြင် ဆင်တွေကိုစီးကာ ဟစ်ကြွေးနေကြတဲ့ ပုံတွေကို ဗီဒီယိုထဲမှာတွေ့ရမှာပါ ။ ဒီလို ချီတက်လှုပ်ရှားမှုကို လာရောက် ဟန့်တားသူတွေ မရှိဘူးလို့လည်း သိရပါတယ် ။ ပရိသတ်ကြီးအတွက် ယင်းမာပင်က  PDF တွေရဲ့ လှုပ်ရှားမှု ဗီဒီယိုကို ဝေမျှပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T