ထိုင်းပြန်လူငယ်လေးတွေ သင်တန်းဆင်းတာနှစ်ကြိမ်ရှိပြီဖြစ်ပေမယ့် တိုက်ပွဲဝင်လို့မရသေးတဲ့အကြောင်းအရင်းကို ပြောပြလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/0e/0edd055a7e13a23619b9e5ecccba90df9ecfb82e.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ထိုင်းပြန်လူငယ်လေးတွေ သင်တန်းဆင်းတာနှစ်ကြိမ်ရှိပြီဖြစ်ပေမယ့် တိုက်ပွဲဝင်လို့မရသေးတဲ့အကြောင်းအရင်းကို ပြောပြလိုက်တဲ့ ပြည်သူတစ်ဦး

အာဏာရှင်ကို ချေမှုန်းဖို့အတွက် မြန်မာလူငယ်လေးတွေဟာ လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာကို အခက်အခဲတွေများစွာကြားကပဲ ကြိုးစားသင်ကြားနေကြပါတယ်။ စစ်ပညာသင်ကြားပြီး တိုက်ရည်ခိုက်ရည်ပြည့်ဝနေတဲ့ လူငယ်လေးတွေလည်း ရှိကြသလို စစ်ပညာကိုဆက်လက်သင်ကြားနေဆဲဖြစ်တဲ့ လူငယ်လေးတွေလည်းရှိကြပါတယ်။ ထိုင်းနိုင်ငံက အလုပ်တွေကို စွန့်ပြီး တောထဲတစ်နေရာမှာ စစ်ရေးလေ့ကျင့်နေကြတဲ့ PDFလူငယ်လေးတွေလည်းရှိကြပြီး အဆိုပါလူငယ်တွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ တောတောင်တွေထဲ ရောက်ရှိနေတဲ့ ပြည်သူတစ်ဦးဟာ ထိုင်းပြန်PDFလူငယ်လေးတွေ သင်တန်းဆင်းတာနှစ်ကြိမ်ရှိပြီဖြစ်ပေမယ့် ရန်သူကို သွားတိုက်ခိုက်လို့မရသေးတဲ့ အကြောင်းအရင်းကို ပြောပြလိုက်ပါတယ်။ သင်တန်းဆင်းနေတဲ့ G.Z လူငယ်တွေအနေနဲ့ အခြေခံနဲ့ အထူးသင်တန်းဆိုပြီး စစ်ရေးသင်တန်းတက်နေတာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခုအချိန်မှာတော့ တိုက်ရည်ခိုက်ရည်ပြည့်ဝနေတဲ့ အဆိုပါလူငယ်လေးတွေကို လက်နက်ပစ္စည်းပြည့်စုံအောင် မတပ်ဆင်ပေးနိုင်သေးကြောင်း အဆိုပါပြည်သူက ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့အတွက် (ထောက်ပို့ No.25) လို့ နာမည်ဝှက်ပေးထားတဲ့ လက်နက်ပစ္စည်းအစစ်တွေ အရမ်းလိုအပ်နေကြောင်း၊လက်နက်အခက်အခဲဖြစ်နေကြတဲ့ ယခုလို လူငယ်တွေ နေရာအနှံ့မှာ ထောင်နဲ့ချီရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ ဝိုင်းကူပေးကြဖို့ အဆိုပါ ပြည်သူက တိုက်တွန်းလိုက်ပါတယ်။ တောတောင်တစ်နေရာမှာ ရန်သူကိုတိုက်ထုတ်ဖို့အတွက် အပြင်းအထန်လေ့ကျင့်နေကြတဲ့ ထိုင်းပြန်PDFလူငယ်တွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T