လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီအရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းလည်း အပါအဝင်ပါပဲ။ မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ပါ။
မင်းမော်ကွန်းဟာ ဖမ်း၀ရမ်းထုတ်ခံထားရတာလလည်းဖြစ်ပြီး အခုဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခုမှာ မိသားစုနဲ့အတူ ရောက်ရှိနေတာဖြစ်ပါတယ်။ တော်လှန်ရေးကြီးမှာ စိတ်ရောလူရောနှစ်ပြီး အရာရာစွန့်လွှတ်ကာ စစ်ရေးအတွက် ကြိုးစားလေ့ကျင့်နေတဲ့ မင်းမော်ကွန်းရဲ့စိတ်ဓာတ်နဲ့ သတ္တိကတော့ ပရိသတ်တွေမလေးစားပဲ မနေနိုင်အောင်ကိုဖြစ်ရပါတယ်။ မိသားစုကလည်း ဘေးကနေတောက်လျှောက်ပါရမီဖြည့်ပေးနေပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက် တောထဲတောင်ထဲမှာကြိုးစားပါ၀င်နေကြတာပါ။
အခုဆိုရင်လည်း မင်းမော်ကွန်းနဲ့အတူ လွတ်မြောက်နယ်မြေရောက် ရဲဘော်တစ်ဦးဟာ မင်းမော်ကွန်းရဲ့ အဖြစ်လေးတစ်ခုကိုဖွင့်ဟလာပါတယ်။ မင်းမော်ကွန်းတစ်ယောက် ခံစားချက်ကိုမျှဝေရင်း မျက်ရည်ကျမိတဲ့အကြောင်းလေးကို ပြောပြရင်း ကိုယ်ချင်းစာမိတဲ့အကြောင်းလေးကို ပြောပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Ye Min's Facebook acc