တိုက်ပွဲကနေ ပြန်လည်ဆုတ်ခွာလာရင်း ပျူစောထီးများ သိုလှောင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတချို့နဲ့ ခေါက်ချိုးကျည် (၁၀၀၀)ကျော်အား ရရှိခဲ့တဲ့ YDF တပ်

//s9.kh1.co/17/172c8f0b9f3f347c090fb7fdfe53a830ec43a51e.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော စစ်ကိုင်းတိုင်း၊ မကွေးတိုင်းက မြို့နယ်တချို့တွေမှာ အာဏာရှင်လူတစ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (YDF) တွေအကြား ထိတွေတိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲတွေမှာ နှစ်ဖက်တပ်တွေ အကျဆုံးရှိပြီး ဒေသခံပြည်သူအများအပြားလည်း ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။ ဒါ့အပြင် ယခုရက်ပိုင်းတွင် ဂန့်ဂေါမြို့နယ်က ကျေးရွာတွေမှာ တိုက်ပွဲများဖြစ်ပြီး နေအိမ်တချို့ မီးရှို့ဖျက်စီးခံရတာတွေလည်း ရှိလာခဲ့ပါတယ်။

Photo Credit - YDF
Photo Credit - YDF
Photo Credit - YDF
Photo Credit - YDF

ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)ဟာ ပြီးခဲ့တဲ့ လပိုင်းလောက်ကတည်းက အာဏာရှင်လူတစ်စုရဲ့ စစ်ယာဥ်တန်းများကို ဂန့်ဂေါ-ကလေး လမ်းမပေါ်တွေမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ လက်ရှိမှာလည်း အာဏာရှင်လူတစ်စုရဲ့ ထိုးစစ်ဆင်မှုတွေကြောင့်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒီကနေ့ စတင်ဘာလ(၁၄)ရက်တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)အဖွဲ့က သတင်းတစ်ခု ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit - YDF
Photo Credit - YDF
Photo Credit - YDF
Photo Credit - YDF

ဒါကတော့ စတင်ဘာလ (၁၁)ရက်နေ့ညမှာ မင်းရွာရဲစခန်းအား ဝင်တိုက်စဉ်အတွင်း ရန်သူဘက်မှ စစ်ကူရောက်လာတာကြောင့် အောင်မြင်စွာပြန်လည်ဆုတ် ခွာလာချိန်မှာ ခေါက်ကူရွာ အနီးတွင် ပျူစောထီးများ သိုလှောင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတချို့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သိမ်းဆည်းရမိခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်းများအပါအဝင် ခေါက်ချိုးကျည် အတောင့် (၁၀၀၀)ကျော်လည်းရရှိခဲ့တာ ဖြစ်ပါတယ်။ ခေါက်ချိုးကျည်များရဲ့ တန်ဖိုးဟာ(သိန်း၇၀)ခန့်လောက် ရှိကြောင်း ဆိုထားခဲ့ပါတယ်။

သတင်း အရင်းအမြစ်Source - YDF

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T