အိမ်ထောင်စု (၂၀၀)အတွက် ဝေမျှပေးတဲ့ဆိတ်သားနှပ် နဲ့ ပဲဟင်းတို့ကို သူမကိုယ်တိုင်လည်း မီးရထားသံလမ်းပေါ်မှာ ထိုင်စားခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/84/846358c3593384d5a2278251feec6aea89fb6212.jpeg
အနုပညာရှင်များ

 ၁၄-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အိမ်ထောင်စု (၂၀၀)အတွက် ဝေမျှပေးတဲ့ဆိတ်သားနှပ် နဲ့ ပဲဟင်းတို့ကို သူမကိုယ်တိုင်လည်း မီးရထားသံလမ်းပေါ်မှာ ထိုင်စားခဲ့တဲ့ ခိုင်နှင်းဝေ

ခုနှစ်ရက်သားသမီးတွေရဲ့စုပေါင်းကုသိုလ်နဲ့ အလှူအတန်းတွေကို နေ့စဉ်လုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေကတော့ ပြည်သူတွေအပေါ်မှာ တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေတာပဲဖြစ်ပါတယ်။မေတ္တာငတ်မွတ်နေတဲ့ကလေးငယ်တွေကိုလည်း မွေးစားထားသလို စားဝတ်နေရေးခက်ခဲနေတဲ့ အိမ်ထောင်စုတွေအတွက်လည်း လှူဒါန်းနေတာဖြစ်ပါတယ်။ခိုင်နှင်းဝေက လတ်တလောမှာဆိုရင် တချို့အိမ်ထောင်စုတွေအတွက် ရက်အနည်းငယ်လောက်ပဲဖြစ်ဖြစ်စားဝတ်နေရေးအဆင်ပြေသွားအောင် ကူညီပေးနေတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

မနေ့ကဆိုရင်လည်း ခိုင်နှင်းဝေတို့က မီးရထားသံလမ်းနားမှာ နေထိုင်တဲ့ အိမ်ထောင်စု (၂၀၀) စာအတွက် ဆန်၊ဆီ၊ငါးပိ စတာတွေကို ဝေပေးခဲ့တာဖြစ်ပါတယ်။လှူတဲ့နေရာမှာလည်း ကိုဗစ်ကျန်းမာရေးစည်းကမ်းများနဲ့အညီစနစ်တကျလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် သံလမ်းမိသားစုအတွက် ဆိတ်သားနှပ်နဲ့ ပဲဟင်းတို့ကိုလည်းအလျှံပယ်ကျွေးသေးတာဖြစ်ပါတယ်။ချို့တဲ့နေတဲ့ပြည်သူတွေကတော့ ခိုင်နှင်းဝေနဲ့ ခုနှစ်ရက်သားသမီးတွေရဲ့အလှူကြောင့် မိသားစုစားဝတ်နေရေးအတွက်မပူပန်ရတော့တာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

ခိုင်နှင်းဝေကလည်း စိတ်သဘောထားပြည့်ဝပြီး ပြည်သူတိုင်းနဲ့အတူ တစ်သားတည်းနေထိုင်တတ်တာဖြစ်ပါတယ်။မနေ့ကအလှူမှာကျွေးတဲ့ ဆိတ်သားနှပ်နဲ့ပဲဟင်းကိုလည်း ချက်ပေးသူတွေရဲ့လက်ရာကို မြည်းကြည့်တဲ့အနေနဲ့မီးရထားသံလမ်းပေါ်မှာပဲ ထိုင်စားခဲ့တာဖြစ်ပါတယ်။လူသားအချင်းချင်း စာနာထောက်ထားတတ်ပြီး အများအကျိုးကိုစွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်နေတဲ့ ခိုင်နှင်းဝေရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

Source&Photo Credit:Khine Hnin Wai’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T