စေတီတော်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံရင်း ရှေ့ဟောင်း လက်ဝတ်ရတနာများနဲ့ ဘုရားဆင်းတုတော်များ တူးဖော်တွေ့ရှိတဲ့ ဝမ်မိုင်ကျေးရွာက ဖြစ်ရပ်

//s9.kh1.co/a1/a16e60b1827b0ab6c9019bbf660449789b1bc1ec.jpg
နေ့စဉ်သတင်းများ

 ၁၄-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လဲချားမြို့ဝမ်မိုင်ရွာမှာ ပြန်လည်ပြုပြင်မွမ်းမံနေတဲ့ စေတီတော်ကြီးတစ်ဆူကနေ ရှေ့ဟောင်း လက်ဝတ်ရတနာများတူးဖော်တွေ့ရှိခဲ့ရကြောင်း ဒေသခံတစ်ဦးရဲ့ လူမူကွန်ယက်မှာ ယမန်နေ့က ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ အဆိုပါ စေတီတော်ကြီးဟာ နှစ်ပေါင်းရာနဲ့ချီရှိပြီး အိုဟောင်းပြိုကျပျက်စီးလာတာကြောင့် ဒေသခံပြည်သူများက ပြန်လည်မွမ်းမံဖို့အတွက် တူးဖော်ခဲ့တာ ဖြစ်ပါတယ်။

PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn

ဒေသခံတွေရဲ့ ပြောပြချက်အရ အဆိုပါစေတီတော်ကြီးကို မတူးဖော်ခင် အရင်တုန်းက အထပ်ထပ်အခါခါဖြင့် အလုံပိတ်ခဲ့ပြီး ပူဇော်ထားရှိခဲ့တာလို့ ဆိုပါတယ်။ အဲ့လို ပူဇော်ထားရှိတဲ့ အချိန်ကနေစတင်ကာ ဝမ်မိုင်ရွာတစ်ရွာလုံး ရွာပျက်ကြီးသဖွယ်ဖြစ်သွားပြီး ယနေ့အချိန်ထိ အိမ်ခြေ (၃၀)နီးပါးသာရှိကြောင်း ပြောပြထားတာ တွေ့ရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းမှာ ယခုလိုမျိုး အိုဟောင်းနေတဲ့ နှစ်ပေါင်းရာချီ စေတီပုထိုးများစွာ ရှိတာဖြစ်ပါတယ်။

PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn

ယခုတူးဖော်ရရှိခဲ့တာကတော့ အဖိုးတန်ရှေ့ဟောင်း လက်ဝတ်ရတနာတွေအပြင် ဘုရားဆင်းတုတော်များ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဆင်းတုတော်တချို့ကတော့ ဦးခေါင်းတော်တွေမပါရှိဘဲ အိုဟောင်းပျက်စီးနေတာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ ဘုရားတည်ခဲ့စဥ်မှာ ဒါယိကာ၊ဒါယိကာမတွေက နောင်တစ်ချိန်ပျက်စီးယိုယွင်းခဲ့သည်ရှိသော် ပြန်လည်ပြုပြင်နိုင်ရန်ရည်ရွယ်ပြီး စေတီတော်အတွင်းမှာ တန်ဖိုးရှိ ရတနာတွေကို ထည့်သွင်မြုပ်နှံခဲ့ကြတာလို့လည်း ဆိုထားကြပါတယ်။ ယခုတူးဖော်ရရှိခဲ့တဲ့ ရှေ့ဟောင်းရတနာပစ္စည်းတွေကိုလည်း ပရိသတ်တွေအတွက် ဗဟုသုတရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn
PhotoCredit -SIMweOnn

သတင်း အရင်းအမြစ်Source - SIMweOnn

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T