Heart Attack ရလို့ ဆေးရုံတက်ခဲ့ရပြီး လက်မခံချင်ပေမယ့် လက်ခံလိုက်ရတဲ့ သူရဲ့ကျန်းမာရေးအခြေအနေကို ပြောပြလိုက်တဲ့ အဆိုတော်အောင်ရင်

//s9.kh1.co/0c/0c0b66c6f6bee6a76d455a578fcb1551a61740b0.jpg
အနုပညာရှင်များ

 ၁၄-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

Heart Attack ရလို့ ဆေးရုံတက်ခဲ့ရပြီး လက်မခံချင်ပေမယ့် လက်ခံလိုက်ရတဲ့ သူရဲ့ကျန်းမာရေးအခြေအနေကို ပြောပြလိုက်တဲ့ အဆိုတော်အောင်ရင်

တစ်ချိန်က အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့တဲ့ အဆိုတော်အောင်ရင်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်သူဖြစ်ပါတယ်။  အင်္ဂလန်နိုင်ငံမှာ သွားရောက်နေထိုင်နေတဲ့ သူကတော့ လက်ရှိမှာ ခံစားနေရတဲ့ ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေသိရှိအောင် ဖွင့်ဟလာခဲ့ပါတယ်။ အဆိုတော်အောင်ရင်ကတော့ heart attack ရလို့ဆေးရုံ တစ်ပတ်တက်ခဲ့ရပြီး သူရဲ့လက်ရှိကျန်းမာရေးအခြေအနေကို အမှန်အတိုင်းပြောပြလာခဲ့ပါတယ်။

Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc

Julyလ (8)ရက်နေ့မှာတော့ heart attack ရလို့ဆေးရုံ တစ်ပတ်တက်ခဲ့ရကြောင်း၊ ယခုမှာလည်း တစ်နေ့တစ်နေ့ ဆေးတွေ အများကြီးသောက်နေရကြောင်း၊ ဒီ နှလုံးရောဂါ ( နာတာရှည် ) ရောဂါကြီး ဖြစ်နေတာကို လက်မခံချင်ပေမယ့်လည်း လက်ခံလိုက်ရတဲ့အကြောင်း အဆိုတော်အောင်ရင်က ဖွင့်ဟထားခဲ့ပါတယ်။ အဆိုတော်အောင်ရင်ရဲ့ သမီးဖြစ်သူကတော့ နေမကောင်းဖြစ်နေတဲ့ ဖခင်ဖြစ်သူဆီ တစ်လလာရောက်နေထိုင်ပြီး မိသားစုနဲ့အတူ လျှောက်လည်တာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc

မြန်မာပြည်ရှိ အလွှာအသီးသီးကလူတွေ ဒုက္ခရောက်နေကြတာကို ကြားသိနေရပြီး စိတ်မချမ်းမသာဖြစ်ခဲ့ရတဲ့အကြောင်း အောင်ရင်က ပြောပြလာခဲ့ပါတယ်။ အဆိုတော်အောင်ရင်ကတော့ ရလာတဲ့ ဘဝပေး အခြေအနေပေါ်မှာ ကြိုးစားပြီး ကျေနပ် တင်းတိမ် ရောင့်ရဲအောင်နေရမှာဖြစ်ကြောင်း၊ အတိတ်မှာလည်း မနေသလို အနာဂါတ်မှာလည်း မနေဘဲ ပစ္စုပ္ပန်မှာပဲ ကောင်းအောင်နေရမှာဖြစ်ကြောင်း၊ကြိုးစားပြီးတော့ ပျော်အောင်နေမှာဖြစ်ကြောင်း ရေးသားပြောဆိုထားပါတယ်။ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ အဆိုတော်အောင်ရင်ကို ပြည်သူတွေက အားပေးစကားတွေ ပြောဆိုနေကြပါတယ်။

Source  -Aung Yin's FB Acc

Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Photo Credit-Aung Yin's FB Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T