အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေအတွက် မွန်မြတ်လွန်းတဲ့ ကာလဒါန အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တဲ့ ရေဗက္ကာဝင်း

//s9.kh1.co/c3/c311ea232495840b6cd1953f78bec025eb5c6514.jpeg
အနုပညာရှင်များ

 ၁၄-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

......

ရေဗက္ကာဝင်းကတော့ ဒီရက်ပိုင်းတွေမှာ တောက်လျှောက် လှူဒါန်းမှုတွေ မျိုးစုံ ပြုလုပ်ပေးနေတာကို တွေ့မြင်ရပါတယ်။ခုလတ်တလော အခြေအနေတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက်လည်း အစားအသောက်များနဲ့ လိုအပ်တာများ လှူဒါန်းကာ ရရာနေရာကနေ ပါဝင်ကူညီအားဖြည့်ပေးနေတာဖြစ်ပါတယ်။

Photo Credit : Rebecca Win Facebook Page 
Photo Credit : Rebecca Win Facebook Page 
Photo Credit : Rebecca Win Facebook Page 
Photo Credit : Rebecca Win Facebook Page 

ဒီလိုကာလတွေမှာ ပြည်သူတွေဟာ အလုပ်အကိုင်များကို အလွယ်တကူ မလုပ်ကိုင်နိုင်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ ဒီလိုအဆင်မပြေမှုတွေကို အနုပညာရှင်တွေ အပါအဝင် ပြည်သူအချင်းချင်းကပဲ တတ်နိုင်သလောက် ကူညီဖေးမရင်း အပြန်အလှန် ကူညီနေကြတာလည်းဖြစ်ပါတယ်။ 

Photo Credit : Rebecca Win Facebook Page 
Photo Credit : Rebecca Win Facebook Page 
Photo Credit : Rebecca Win Facebook Page 
Photo Credit : Rebecca Win Facebook Page 

အခုလည်း အမှန်တကယ် စားဝတ်နေရေး အကူအညီ လိုအပ်နေတဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် တစ်အိမ်ထောင်လျှင် ဆန် ၃ပြည်  ၊ ဟင်းချက်ဆီ ၁လီတာ  ၊ ကြက်သွန်နီ ၂ပိဿ တို့ကို ရက်ရက်ရောရော လှူဒါန်းဝေဌခဲ့ပါတယ် ။ ဒီအလှူလေးကြောင့် ခက်ခဲနေသူတွေ ခဏတာ အဆင်ပြေသွားကြမှာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ရေဗက္ကာဝင်းရဲ့ အလှူလေးကို ပြန်လည်ဝေမျှပေးရင်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Rebecca Win Facebook Page 
Photo Credit : Rebecca Win Facebook Page 
Source & Photo Credit : Rebecca Win Facebook Page 
Source & Photo Credit : Rebecca Win Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T