သူတို့ဆီမှာ မနေချင်တော့တဲ့ CDMရဲဘော်နှစ်ဦးကို သွားချင်တဲ့နေရာ လွတ်လပ်စွာ သွားနိုင်ဖို့အတွက်ပြန်လွှတ်ပေးခဲ့တဲ့ CDFတပ်ဖွဲ့ဝင်များ

//s9.kh1.co/19/190e45c13df86e2f1fba8351308f0f9749639a58.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

သူတို့ဆီမှာ မနေချင်တော့တဲ့ CDMရဲဘော်နှစ်ဦးကို သွားချင်တဲ့နေရာ လွတ်လပ်စွာ သွားနိုင်ဖို့အတွက်ပြန်လွှတ်ပေးခဲ့တဲ့ CDFတပ်ဖွဲ့ဝင်များ

အာဏာရှင်ကို ဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုမှာ ပါဝင်နေကြပြီး ပြည်သူတွေဘက်ကို ရပ်တည်နေကြတဲ့ နိုင်ငံ့ ဝန်ထမ်းတွေ များစွာရှိနေကြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ CDMပြုလုပ်လာတဲ့ ရဲဘော်တွေကို ကြိုဆိုနေကြပြီး နေရာထိုင်ခင်းနဲ့ စားသောက်ဖို့အတွက် စီစဥ်ပေးနေကြပါတယ် ။ စက်တင်ဘာလ (၁၃)ရက်နေ့ ယနေ့မှာတော့ CDFတပ်ဖွဲ့ဝင်တစ်ဦးဟာ သူတို့လက်အောက်မှာ မနေချင်တော့တဲ့ CDMရဲဘော်နှစ်ဦးကို ပြန်လွှတ်ပေးခဲ့တဲ့အပြင် ဆုမွန်ကောင်းလေးပါ တောင်းပေးလိုက်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါရဲဘော်နှစ်ဦးက CDMလှုပ်ရှားမှုမှာ ပါဝင်လာပြီး CDFတပ်ဖွဲ့တစ်ဖွဲ့ဆီ ခိုလှုံရင်း ယခုမှာတော့ CDFတပ်ဖွဲ့ဝင်တွေနဲ့ ခင်မင်ရင်နှီးနေခဲ့တာ ဖြစ်ပါတယ်။ CDFတပ်ဖွဲ့ဝင်တစ်ဦးကတော့ ယနေ့အချိန်ထိ သူတို့အပေါ် သစ္စာရှိရှိနဲ့ ပူးပေါင်းပါဝင်ပြီး လက်တွဲပေးကြတဲ့အတွက် အဆိုပါCDMရဲဘော်နှစ်ဦးကို လေးစားမိကြောင်း၊ တစ်ချိန်က ခံယူချက်တွေ၊ အယူအဆတွေကြောင့် တိုက်ခိုက်ခဲ့ကြပေမဲ့ ယခုလိုအမြင်မှန်ရပြီး ပြည်သူ့ဘက် ပူးပေါင်းလာတဲ့အတွက် လေးစားဂုဏ်ယူမိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါCDFတပ်ဖွဲ့ဝင်တစ်ဦးကတော့ ယခုအချိန်မှာတော့ သူတို့လက်အောက်မှာ မနေချင်တော့တဲ့ CDMရဲဘော်နှစ်ဦးကို သွားချင်တဲ့နေရာ လွတ်လပ်စွာ သွားလာနိုင်ဖို့အတွက် ပြန်လွှတ်ပေးခဲ့ကြောင်း၊ CDMရဲဘော်နှစ်ဦး ပြောသလို မိသားစုနဲ့ သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း၊ နောင်တစ်ချိန် လမ်းကြုံလို့ ကမ်းဆုံမှာ ပြန်တွေ့ခဲ့ကြရင် လက်ပြနှုတ်ဆက်လို့ရကြောင်း ပြောဆိုထားခဲ့ပါတယ်။ နှုတ်ဆက်မခွဲခွာခင် အမှတ်တရဓာတ်ပုံရိုက်ကူးနေကြတဲ့ CDFတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ CDMရဲဘော်နှစ်ဦးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T