ထိုင်းနိုင်ငံမှာတော့ လက်ရှိမှာလည်း ဆန္ဒပြနေသူတချို့ရှိနေဆဲဖြစ်တာကြောင့် ထိုင်းရဲတွေလည်း နည်းလမ်းအမျိုးမျိုးနဲ့ ဖြိုခွင်းနေတာဖြစ်ပါတယ်။ထိုင်းပြည်သူ၊ပြည်သားတွေက ကိုဗစ်ကူးစက်ရောဂါကိုလည်း တိုက်ထုတ်နေကြပြီး နိုင်ငံရေးအခြေအနေကြောင့်ပါ အခက်အခဲတွေနဲ့ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။စက်တင်ဘာလ (၁၂) ရက်နေ့မှာတော့ ထိုင်းနိုင်ငံ၊Pattaya မြို့နယ်မှာရှိတဲ့ Walking Street စျေးတန်းမှာ မီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။
မီးစတင်လောင်ချိန်ကတော့ ည (၉)နာရီခွဲလောက်ကနေ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။Walking Street စျေးတန်းနဲ့နာမည်ကြီးစားသောက်ဆိုင်တချို့ မီးလောင်ခဲ့တာကြောင့် Pattaya မီးသတ်တပ်ဖွဲ့တွေလည်း အချိန်မီသွားရောက်ငြှိမ်းသက်ခဲ့ကြပါတယ်။သို့သော်လည်း မီးအားပြင်းတာကြောင့် ည (၁)နာရီခွဲအချိန်မှ ငြှိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။အရင်တုန်းက ညဘက်တွေဆိုရင် အရမ်းစည်းကားခဲ့တဲ့ Walking Street စျေးတန်းကတော့ မီးအန္တရာယ်ကြောင့် ဆုံးရှုံးမှုတွေများခဲ့ပါတယ်။
မီးလောင်တဲ့နေရာမှာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘတ် (သိန်း ၅၀၀) ခန့်ရှိတယ်လို့ Pattaya သတင်းတွေက ဖော်ပြထားခဲ့ပါတယ်။မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာကြောင့် တချို့ဆိုင်ခန်းနေရာတွေဆိုရင် ဘာပစ္စည်းမှမကျန်တော့လောက်အောင် လောင်ခဲ့တာဖြစ်ပါတယ်။Pattaya မီးသတ်တပ်ဖွဲ့တွေက အန္တရာယ်တွေကြားထဲကနေ ကြိုးကြိုးစားစားငြှိမ်းသတ်နိုင်ခဲ့လို့သာ တစ်စျေးလုံးမကုန်သွားခဲ့တဲ့ ဗီဒီယိုကို ပုန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Video Credit:ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများ Fb page