ဒေးဗစ်လာနဲ့အတူ တော်လှန်ရေးသီချင်းတွေသံပြိုင်သီဆိုရင်း ရောက်တဲ့နေရာမှာပျော်အောင်နေကာ အားတင်းနေကြတဲ့ ‌CDFရဲဘော်လေးတွေရဲ့ ဗီဒီယို

//s9.kh1.co/7d/7d605a8da42d4bde5fd99be6cd5d20c5efa587e8.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အာဏာသိမ်းမှုအပြီး မြန်မာလူငယ်တွေဟာ ရရာလက်နက် စွဲကိုင်ပြီး ကိုယ့်ဒေသက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေကြကာ အာဏာရှင်ကိုတွန်းလှန်နေကြတာဖြစ်ပါတယ် ။ ချင်းပြည်နယ်ကလူငယ်လေးတွေဟာလည်း အသက်ကိုစွန့်ပြီး ရဲရဲရင့်ရင့်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFထဲ ဝင်ရောက်ကြတာကို တွေ့ရပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader

ချင်းပြည်နယ်မှာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေသလို နှစ်ဖက်ကျဆုံးတဲ့သတင်းတွေလည်း မကြာခဏမြင်တွေ့နေရပါတယ်။ CDFရဲဘော်တွေရဲ့ နယ်မြေကျွမ်းကျင်မှုတွေနဲ့ ခိုင်မာတဲ့စိတ်ဓာတ်တွေကြောင့် တူမီးသေနတ်နဲ့ပြန်လည်ခုခံနေတာတောင် CDFရဲဘော်တွေဘက်က အသာစီးရရှိနေပြီး အောင်မြင်မှုတွေရရှိနေတာ ဖြစ်ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ချင်းအဆိုတော်တစ်ဦးဖြစ်တဲ့ ဒေးဗစ်လာကလည်း CDF ရဲဘော်တွေအတွက် လှူဒါန်းမှုတွေပြုလုပ်ပေးနေသလို ကိုယ်တိုင်လည်း ရဲဘော်တွေနဲ့ ညီအစ်ကိုရင်းတွေပမာ နေထိုင်ပြီး အားပေးကူညီနေတာဖြစ်ပါတယ်။ အခုအခါမှာဆိုရင်လည်း ဒေးဗစ်လာဟာ CDF ရဲဘော်တွေနဲ့အတူ အားလပ်ချိန်လေးမှာ ဂစ်တာတီး သီချင်းဆိုရင်း အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် ကြိုးစားပါ၀င်နေတာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T