အရမ်းချစ်စရာကောင်းတဲ့ သမီးဦးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့လို့ ကြည်နူးပီတိဖြစ်နေကြတဲ့ ထိုင်းမင်းသမီးချော Mew Nittha တို့ဇနီးမောင်နှံ

//s9.kh1.co/8d/8dc072d4a52d6309b29f6a832622b4df6b978dcb.jpg
အနုပညာရှင်များ

 ၁၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အရမ်းချစ်စရာကောင်းတဲ့ သမီးဦးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့လို့ ကြည်နူးပီတိဖြစ်နေကြတဲ့ ထိုင်းမင်းသမီးချော Mew Nittha တို့ဇနီးမောင်နှံ

နာမည်ကြီး ထိုင်းမင်းသမီးတစ်လက်ဖြစ်တဲ့ Mew Nittha ကတော့ သူမရဲ့ပထမဆုံးရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်း အားလုံးကိုအသိပေးလိုက်တာ ဖြစ်ပါတယ် ။ Mew Nittha က ကိုယ်ဝန် (၄၀)ပတ်ရတဲ့အချိန်မှာပဲ ရင်သွေးလေးကို မွေးဖွားခဲ့တာဖြစ်ပြီး ကလေးလေးက ကျန်းကျန်းမာမာနဲ့ တကယ့်ကို ချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ ဒီနေ့မှာပဲ Mew က သူမရဲ့Instagram မှာ သူမတို့မိသားစုရဲ့ပုံလေးနဲ့ Update တင်ပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-MewNittha's IG Acc
Photo Credit-MewNittha's IG Acc
Photo Credit-MewNittha's IG Acc
Photo Credit-MewNittha's IG Acc
Photo Credit-MewNittha's IG Acc
Photo Credit-MewNittha's IG Acc

ဓာတ်ပုံထဲမှာတော့ Mew တို့ဇနီးမောင်နှံက ရင်သွေးလေးကို မိဘမေတ္တာအပြည့်နဲ့ ထွေးပွေ့ပြီး ကြည်နူးနေကြတာ ဖြစ်ပါတယ် ။ Mew က သူမရဲ့သမီးဦးလေးကို "Marin" လို့ နာမည်ပေးထားတာဖြစ်ပြီး သမီးလေးရဲ့နာမည်နဲ့ IG Account တစ်ခုပါ ဖွင့်လိုက်တာ ဖြစ်ပါတယ် ။ ဒီ Account ကိုတော့ Mew က သူမကိုယ်တိုင် အသုံးပြုပြီး သမီးလေးနဲ့ပတ်သတ်တာတွေ မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ် ။

Photo Credit-Marin's IG Acc 
Photo Credit-Marin's IG Acc 
Photo Credit-MewNittha's IG Acc
Photo Credit-MewNittha's IG Acc
Photo Credit-saint_kuha's IG Acc 
Photo Credit-saint_kuha's IG Acc 

ယခုလက်ရှိမှာတော့ Mew တို့ဇနီးမောင်နှံက သူမတို့ကလေးလေးရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာ တွေ့ရပါတယ်။ ရင်သွေးလေးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားနိုင်ခဲ့တဲ့ Mew အတွက် ထိုင်းနိုင်ငံက အနုပညာရှင်တွေကလည်း ဝမ်းသာဂုဏ်ပြုစကားပြောပေးခဲ့ကြတာ တွေ့ရပါတယ်။ ပရိသတ်တွေအရမ်းတွေ့ချင်နေကြတဲ့ ထိုင်းမင်းသမီးချောလေး Mew နဲ့ သူမရဲ့ရင်သွေးလေး Marin တို့ရဲ့ပုံရိပ်လေးတွေကိုသာမက ဗီဒီယိုဖိုင်လေးကိုပါ ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-MewNittha's IG Acc

Photo Credit-saint_kuha's IG Ac
Photo Credit-saint_kuha's IG Ac
Photo Credit-MewNittha's IG Acc
Photo Credit-MewNittha's IG Acc
Photo Credit-mintnuttha's IG Acc
Photo Credit-mintnuttha's IG Acc

Video Credit-mintnuttha's IG Story 

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T