နှမ်းခါးကျေးရွာက လူနေအိမ်များ ထပ်မံမီးရှို့ဖျက်စီးခံရလို့ မီးလောင်နေတဲ့ နေအိမ်များကို ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ပေးနေတဲ့ ရုပ်သံဖိုင်

//s9.kh1.co/c6/c6be21c0c38bee318613f9742c0b3d9baad793cb.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြန်မာနိုင်ငံရဲ့ အထက်ပိုင်းဒေသတွေမှာ ထိတွေတိုက်ပွဲတွေကို ဆက်တိုက်ဖြစ်ပွားလာခဲ့တဲ့အပြင် လူနေအိမ်တွေလည်း မီးရှို့ဖျက်စီးခံရတာတွေ ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ စတင်ဘာလ (၁၀) ရက်နေ့ကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက နှမ်းခါးကျေးရွာအနီးမှာ အာဏာရှင်လူတစ်စုရဲ့ တပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload
PhotoCredit - Original Upload

အဆိုပါ တိုက်ပွဲတွေမှာ နှစ်ဖက်တပ်တွေ အကျအဆုံးများခဲ့သလို အနီးအနားရှိ ကျေးရွာများက လူနေအိမ်များလည်း မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။ တချို့ပြည်သူတွေကတော့ တိုက်ပွဲအခြေအနေတွေကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင် နေရကြောင်းကြားသိရပါတယ်။ ဒီကနေ့ စတင်ဘာလ (၁၃)ရက်နေ့မှာလည်း နှမ်းခါးကျေးရွာက စိတ်မကောင်းစရာ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

PhotoCredit - Original Upload
PhotoCredit - Original Upload

ဒါကတော့ အာဏာရှင်လူတစ်စုက နှမ်းခါးကျေးရွာအတွင်း ယနေ့မနက်ပိုင်းလောက်မှာ ထပ်မံဝင်ရောက်ခဲ့ပြီး ကျေးရွာထဲက နေအိမ်များကို မီးရှို့သွားခဲ့တာ ဖြစ်ပါတယ်။ ကြားသိရတဲ့ သတင်းများအရ မီးရှို့ဖျက်စီးမှုကြောင့် လူနေအိမ် (၁၃)လုံး ၊ ဆန်စက် (၁)လုံးအပြင် စစ်ဘေးရှောင်တဲ (၂)လုံးလည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ မီးလောင်ကျွမ်းနေတဲ့ နေအိမ်များဟာ ရစရာမရှိအောင်ပျက်စီးနေပြီး ပြည်သူတွေက မီးငြှိမ်းသတ်ပေးတာ ဖြစ်ပါတယ်။ နှမ်းခါးကျေးရွာအတွင်းက နေအိမ်များထပ်မံ မီးရှို့ခံရတဲ့ ရုပ်သံဖိုင်ကို ပရိသတ်တွေလည်း ပြန်လည်ကြည့်ရှုလို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T