အာဏာသိမ်းပြီး (၈) လ ကျော်အကြာတွင် CDM လှုပ်ရှားမှုမှာပါဝင်လာခဲ့တဲ့ ဟားခါးခရိုင်ရဲတပ်ဖွဲ့က တပ်သားတစ်ဦး

//s9.kh1.co/e7/e7428fe591caba86427ca2afd44bf6281b7ba420.png
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ဟားခါးခရိုင်ရဲတပ်ဖွဲ့မှရဲတပ်သားအမည် နက်ကျော် ကိုယ်ပိုင်အမှတ် (လ- ၂၇၂၁၂) ဟာ စက်တင်ဘာလ (၁၀) ရက်နေ့မှစပြီး CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြောင်း အားလုံးကို အသိပေးလာခဲ့ပါတယ်။ အာဏာသိမ်းမှုဖြစ်စဉ်စတင်ခဲ့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ယနေ့စက်တင်ဘာ (၁၃) ရက်နေ့ထိဆိုရင် (၈) လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လူပေါင်းများစွာရဲ့ အသက်တွေလည်းဆုံးရှုံးခဲ့ရပါတယ်။

Photo Credit - Chin World's FB Acc
Photo Credit - Chin World's FB Acc

အာဏာရှင်လက်အောက်ခံအဖြစ်ကနေ ပြည်သူ့ဖက်ကိုခိုလှုံလာတဲ့ တပ်သားတွေလည်း ရှိနေခဲ့ပြီး လက်ရှိအချိန်ထိလည်း ခိုလှုံလာသူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက နွေးနွေးထွေးထွေးကြိုဆိုပြီး လုံခြုံမှုအတွက်လည်း တာဝန်ယူပေးခဲ့ကြောင်း သိရပါတယ်။ အာဏာရှင်နဲ့ ပြည်သူတို့ရဲ့ပြင်းထန်တဲ့ တိုက်ပွဲကြားထဲမှာ နှစ်ဖက်လုံးမှာအထိအခိုက်တွေရှိခဲ့ပြီး လက်ရှိအချိန်ထိလည်း အခြေအနေတွေဟာ တင်းမာနေဆဲပါပဲ။

Photo Credit - Chin World's FB Acc
Photo Credit - Chin World's FB Acc

ဒီနေ့မှာလည်း ချင်းပြည်နယ် ဟားခါးမြို့ခရိုင်ရဲတပ်ဖွဲ့က တပ်သားတစ်ယောက်ဖြစ်တဲ့ နက်ကျော်ဟာ ပြည်သူ့ဖက်ကိုကူးပြောင်းလာခဲ့တဲ့အကြောင်းကို ပြည်သူတွေကို အသိပေးပြီးနောက် ပြည်သူအများဟာ သူတို့ရဲ့ထင်မြင်ချက်ပေါင်းစုံတွေကို မှတ်ချက်ပေးခဲ့ကြပါတယ်။ ပြည်သူ့ဖက်ကိုကူးပြောင်းလာခဲ့တဲ့ တပ်သားတိုင်းကို ပြည်သူတွေက အစဉ်တစိုက်ကြိုဆိုနေကြောင်းလည်း ပြောခဲ့ကြပါသေးတယ်။

Photo Credit - Chin World's FB Acc
Photo Credit - Chin World's FB Acc

သတင်း အရင်းအမြစ်Chin World's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T