သေပြီးသားလူတွေ ပြန်ရှင်လာတတ်တဲ့ The Penthouse (War in Life) Season (4) ထွက်ဦးမှာလား

//s9.kh1.co/f5/f5b0eaa794a5d98484884b253da300a8237b96de.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

Season 4 ကို 2022 ဆောင်းဉီးပိုင်းမှာ ထွက်မယ်ဆိုပြီး......

မြန်မာပရိသတ်တွေအကြားမှာ အချိန်တစ်နှစ်နီးပါးလောက် လောင်ခဲ့ရ ၊ အံ့ဩခဲ့ရ ၊ မှင်သက်ခဲ့ရတဲ့ PENTHOUSE ခရီးရှည်ကြီးဟာဆိုရင် စက်တင်ဘာလ ၁၁ ရက်နေ့ကပဲ အဆုံးသတ်သွားခဲ့ပါပြီ ...

 ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ကစတင် ထွက်ရှိလာတဲ့ အဆိုပါ ရုပ်သံဇာတ်လမ်းတွဲဟာ Season 1 ထုတ်လွှင့်အပြီးမှာတင် ပရိသတ်စိတ်ဝင်စားမှု အများအပြားရရှိခဲ့တာကြောင့် Season 2 နှင့် Season 3 ကို ထပ်မံထုတ်လွှင် ပြသခဲ့တာဖြစ်ပါတယ်။

Photo Credit from Google 
Photo Credit from Google 

နာမည်ကြီး ကိုရီးယား ဇာတ်ပို့ဇာတ်ဆောင်တွေ အများအပြားပါဝင်ထားတဲ့ အဆိုပါ The Penthouse ဇာတ်လမ်းတွဲဟာ လက်တွေ့ လူမှုဘဝ၊ လူတွေရဲ့စိတ်နေစိတ်ထား၊ ရှုပ်ထွေးလောင်မြိုက်နေတဲ့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်း အခြေအနေများကို ထင်ဟပ်ပြသနိုင်တာကြောင့် ပရိသတ်တွေ အလွန်ကြိုက်နှစ်သက် ရေပန်းစား ခဲ့တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

Photo Credit from Google
Photo Credit from Google

နာမည်ကြီး မင်းသမီး၃ယောက်ကို Leadတင်တယ် ပြီးတော့ သေခိုင်းတယ်။ ဒီကားကတော့ သိတဲ့အတိုင်း တကယ်သေတာလား ဘယ်လိုလဲဆိုတာတော့ ယတိပြတ် မပြောတတ်ပါဘူး။ The Penthouse ရဲ့ သဘာဝအတိုင်း သေပြီးသားလူတွေက ပြန်ပြန်ရှင်လာတတ်တာကြောင့် Season 4 ကို 2022 ဆောင်းဉီးပိုင်းမှာ ထွက်မယ်ဆိုပြီး ပြောနေကြပါတယ်။ ဒါပေမယ့် အဆိုပါ ဇာတ်ကား ထုတ်လုပ်ရေးက တရားဝင်ကြေညာထားခြင်းတော့ မရှိသေးပါဘူး။ Penthouse season 4 ကို ပြသမယ့်ရက်ကိုတော့ ပရိသတ်တွေက စောင့်ဆိုင်းနေကြပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T