ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတဲ့ ဇနီးဖြစ်သူရဲ့အခြေအနေကို စိတ်မကောင်းစွာပြသလာတဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း ဦးဇေသီဟ

//s9.kh1.co/b3/b3fa7f44a6389586b60afd04cb2cd89c38dd6f37.jpeg
အနုပညာရှင်များ

 ၁၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင် အကယ်ဒမီမင်းသမီးချော ဖြစ်တဲ့ နန္ဒာလှိုင်ကတော့ လတ်တလောမှာ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ နန္ဒာလှိုင်ဟာ ပင်လုံဆေးရုံမှာ တက်ရောကုသမှုခံယူနေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူက အနားမှာ ဂရုတစိုက်ပြုစု စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ 

Photo Credit - Zay Thiha's Fb Acc
Photo Credit - Zay Thiha's Fb Acc

ဆေးကုသမှုခံယူနေရတဲ့ နန္ဒာလှိုင်ရဲ့အကြောင်းကိုတော့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဓာတ်ပုံတွေနဲ့အတူ အသိပေးပြောပြထားတာ ဖြစ်ပါတယ်။ သူမရဲ့ လတ်တလော ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အားလုံးက စိတ်ပူစွာနဲ့မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားထားခြင်းတော့ မရှိသေးပါဘူး။

Photo Credit - Zay Thiha's Fb Acc
Photo Credit - Zay Thiha's Fb Acc

ဦးဇေသီဟကတော့ ဇနီးဖြစ်သူ ဆေးရုံတက်နေရတဲ့အကြောင်းတွေအပြင် သူ့အနေနဲ့ ကိုဗစ်ရောဂါရှိ မရှိစစ်ဆေးထားတာကိုလည်း အသိပေးဝေမျှထားတာ တွေ့ရပါတယ်။ 

ဒီကနေ့မှာတော့ သမီးလေးတွေရဲ့မေမေ အမြန်ဆုံးပြန်လည်နေကောင်းကျန်းမာလာစေဖို့ ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။ 

Photo Credit - Zay Thiha's Fb Acc
Photo Credit - Zay Thiha's Fb Acc
Photo Credit - Zay Thiha's Fb Acc
Photo Credit - Zay Thiha's Fb Acc

သတင်း အရင်းအမြစ်Zay Thiha's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T