Atlantic သမုဒ္ဒရာဟာ ထူးဆန်းတဲ့ ငါးမျိုးစိတ်များစွာနေထိုင်ကျက်စားတဲ့ သမုဒ္ဒရာတစ်ခုဖြစ်ပြီး ဒီသမုဒ္ဒရာထဲမှာ ယနေ့ထက်ထိ ပညာရှင်တွေ မလေ့လာရသေးတဲ့ ငါးမျိုးစိတ်တွေများစွာ ရှိနေပါသေးတယ်။
ဒီလိပ်ပြာငါးကလည်း Atlantic သမုဒ္ဒရာထဲမှာ ကျင်လည်ကျက်စားတဲ့ ငါးမျိုးစိတ်တစ်ခုဖြစ်ပြီး
သမုဒ္ဒရာရဲ့ အရှေ့ပိုင်းမှာ အများဆုံးတွေ့နိုင်ပါတယ်။
လိပ်ပြာငါးလို့ခေါ်ရတဲ့ အကြောင်းရင်းကတော့ ဒီငါးတွေမှာ လိပ်ပြာတစ်ကောင်ကဲ့သို့သော အတောင်ပံတွေပါရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ဒီငါးတွေကို Red Gurnard လို့လည်းခေါ်ကြပါသေးတယ်။
ဒါပေမယ့် ဒီငါးတွေဟာ အတောင်သာရှိပေမယ့် မပျံနိုင်ကြပါဘူး။
ဒီငါးတွေဟာ ပင်လယ်ရေအောက် ၉၈ ပေနဲ့ ၈၂၀ ပေလောက်မှာ အများဆုံးကျက်စားလေ့ရှိတာကို တွေ့ရပြီး ၁၆ နှစ်လောက်အသက်ရှင်နေထိုင်နိုင်ကြပါတယ်။
ဒီငါးတွေဟာ ရေထဲမှာ သူတို့ရဲ့အတောင်တွေကို အသုံးပြုပြီး လှပစွာကူးခတ်သွားလာနိုင်ကြသလိုအရွယ်အစားအားဖြင့်ဆိုရင်တော့ ၂၃ စင်တီမီတာ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia