စစ်ရေးကို အပြင်းအထန် လေ့ကျင့်နေကြတဲ့ လွတ်မြောက်နယ်မြေက ရဲဘော်တွေရဲ့ စိတ်ဝင်စားစရာ ဗီဒီယိုဖိုင်

//s9.kh1.co/32/328c50db00924142bc9233cab34170ae186c0423.jpeg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.......

စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို လိုလားကြတဲ့ ပြည်သူ ပြည်သားတွေကတော့ အာဏရှင် လူတစ်စုရဲ့ အုပ်ချုပ်ရေးအောက်မှာ မနေချင်တာကြောင့် ရရာနည်းလမ်းတွေကို အသုံးပြုပြီး အစွမ်းကုန် ဆန့်ကျင်နေကြတာပါ ။ အချို့ လူငယ်တွေဆိုရင် လွတ်မြောက်နယ်မြေ ဒေသတွေကို သွားရောက်ကာ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေရဲ့ သင်ကြားပြသပေးမှုဖြင့် စစ်ပညာများကို နည်းစနစ်တကျ သင်ယူနေတာကိုလည်း တွေ့ရပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

တိုက်ပွဲတွေ မစခင် သူတို့ဘက်ကလည်း အချိန်များစွာပေးပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ကြရပါတယ် ။ တကယ်တမ်း တိုက်ပွဲတွေနဲ့ ရင်ဆိုင်ကြရတဲ့ အချိန်မှာလည်း ထင်သလောက် မလွယ်ကူတာကြောင့်  ကြုံခဲ့ရတဲ့ အခက်အခဲတွေ ၊အောင်ပွဲတွေကိုလည်း ပြည်သူတွေ သိရှိစေရန် ရည်ရွယ်ကာ မှတ်တမ်း ဗီဒီယိုနဲ့ ပုံရိပ်တစ်ချို့ကိုလည်း ဝေမျှလေ့ရှိပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း စစ်ရေးကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြတဲ့ ရဲဘော်တွေရဲ့ ဗီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ရက် စာမျက်နှာထက်မှာ တွေ့ရပါတယ် ။ ဒီလို လေ့ကျင့်နေကြတဲ့ လူငယ်တွေ အထဲမှာ ယောကျာ်းလေးတွေပါမက နုနယ်တဲ့ မိန်းကလေးတွေပါ ပါဝင်နေတာကို တွေ့ရတာ တကယ်လေးစားစရာပါပဲ ။ မြေကြီးပေါ်မှာ နည်းမျိုးစုံနဲ့ အစွမ်းကုန် လေ့ကျင့်နေကြတာကို ဗီဒီယိုထဲမှာ တွေ့ရမှာပါ ။ ပရိသတ်ကြီးအတွက် လွတ်မြောက်နယ်မြေက လူငယ်တွေရဲ့ လေ့ကျင့်ရေး ဗီဒီယိုဖိုင်ကို ဝေမျှပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T