ရည်းစားဟောင်း ပြန်လာနိုင်မလား ဆိုတာ သိနိုင်မယ့် အလွယ်ကူဆုံး (၆) ချက်

//s9.kh1.co/92/9267c3114e78b52b1100a0581404b47c12d08dbb.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ရည်းစားဟောင်းက ကိုယ့်ဆီပြန်လာချင်တဲ့အခါ.....

ကိုယ့်နဲ့တွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းတွေက တစ်နေ့ကျရင် ကိုယ့်ဆီ ပြန်ရောက်လာတတ်ပါတယ်။ ကိုယ့်ကို တန်ဖိုးမထားခဲ့တဲ့သူတွေဟာ တစ်နေ့နေ့မှာ ကျိန်းသေ ကိုယ့်တန်ဖိုးကို သိလာကြပြီး သူတို့ဟာ နောင်တတွေနဲ့အတူ ကိုယ့်ဆီပြန်လာဖို့ ကြိုးစားကြပါလိမ့်မယ်။

Photo credit from Google 
Photo credit from Google 

1. ပထမဦးဆုံး ကိုယ့်အကြောင်းတွေကို စုံစမ်းပါတယ်။

အဲ့လို စုံစမ်းနေတာကိုလည်း တဆင့်စကားတဆင့်ကြားရပါတယ်။

2. ကိုယ်ဆီကို ပြန်ပြီးဆက်သွယ်လာပါ လိမ့်မယ်။

Message ပို့တာဖြစ်ဖြစ်ပြုလုပ်ပါလိမ့်မယ်။ သင်က reply မပြန်ဘူးဆိုရင်တော့ သူ့ဘက်က ဖုန်းခေါ်လာပါလိမ့်မယ်။

Photo credit from Google 
Photo credit from Google 

3. ကိုယ့်ကို ပြန်ဂရုစိုက်လာပါမယ်။

အဆက်အသွယ်ရလာပြီဆိုရင်တော့ ပြန်တွဲဖို့ တန်းပြောမှာမဟုတ်သေးပါဘူး။ ကိုယ့်အကြောင်းတွေ ပြန်စိတ်ဝင်စားလာပါမယ်။ ကိုယ်နဲ့ပတ်သက်ပြီး မေးခွန်းတွေ မေးလာပါမယ်။

4. သူ့ရဲ့အဆင်မပြေတာတွေကို ကြုံသလို ပြောပြလာပါမယ်။

ကိုယ်နဲ့အတူရှိခဲ့တုန်းက ပျော်စရာအမှတ်တရတွေ၊ ကိုယ်နဲ့လမ်းခွဲပြီးနောက်ပိုင်း အဆင်မပြေတာတွေကို ပြောလာပါလိမ့်မယ်။ ကြုံကြိုက်တဲ့အခါတိုင်း တောင်းပန်လာပါမယ်။ သူ့လုပ်ခဲ့တဲ့အမှားတွေအပေါ် ခွင့်လွှတ်ပေးဖို့ ပြောလာပါမယ်။

Photo credit from Google 
Photo credit from Google 

5. လက်ရှိရည်းစားရှိမရှိ မေးပါလိမ့်မယ်။

လက်ရှိ ကိုယ့်မှာ ရည်းစားရှိနေပြီဆိုရင် သူငယ်ချင်းအဖြစ်နေဖို့ သူကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိရည်းစားအပေါ် သူလုံးဝ အမြင်ကြည်မှာ မဟုတ်ပါဘူး။ မနာလိုမှုတွေ ရှိနေပါလိမ့်မယ်။

6. ချစ်သူတွေဖြစ်ခဲ့တုန်းက အခေါ်အဝေါ်ကို သူပြန်သုံးလာပါတယ်။

ကိုယ့်ကို တန်ဖိုးထားနေကြောင်း သူပြလာပါမယ်။ နေ့တိုင်း သူ့ဘက်က အဆက်အသွယ်လုပ်ပါလိမ့်မယ်။ ရည်းစားဖြစ်ခါစတုန်းကထက်တောင် ပိုပြီး ဂရုစိုက်ပေးပါလိမ့်မယ်။

Photo credit from Google 
Photo credit from Google 
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T