ဈေးဝယ်စင်တာမှာ ရွှေဆိုင်ကိုဓားထောက်ပြီး ဓားပြတိုက်ခဲ့တဲ့ အသက်(၁၇)နှစ်အရွယ် မိန်းကလေးရဲ့ ထိတ်လန့်စရာရုပ်သံဗီဒီယို

//s9.kh1.co/a5/a5becab02e3496f06befc9be0474203cadf34ff5.jpeg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ထိုင်းနိုင်ငံရဲ့ လူသိများတဲ့ ဈေးဝယ်စင်တာ တစ်ခုမှာ ထိတ်လန့်အံ့ဩစရာဓားပြတိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ထိုင်းဆိုရှယ်မီဒီယာတွေမှာလည်း လူပြောများခဲ့ပါတယ်။ 

​စက်တင်ဘာလ (၁၂)ရက်နေ့ နေ့လည်(၃)နာရီဝန်းကျင် အချိန်လောက်က ထိုင်းနိုင်ငံ ဘန်ကရစောင်ကျေးရွာအုပ်စု၊ နွန်ထဘူရီမြို့နယ် နွန်ထဘူရီခရိုင်ရှိ ရာထနာဌီဘက် Big C စင်တာထဲမှာ မိန်းကလေးတစ်ဦးက ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Original Uploader 
Photo Credit - Original Uploader 

အသက်(၁၇)နှစ် အရွယ် အဆိုပါမိန်းကလေးဟာ Big C စင်တာမှာ ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တစ်ဆိုင်ကို အရှည် (၇)လက်မလောက်ရှိတဲ့ အိမ်သုံးဓားကို အသုံးပြုပြီး ဓားထောက် ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။ ရွှေတွေကို အိတ်အမဲထဲကောက်ထည့်ပြီး ထွက်ပြေးဖို့လုပ်နေစဉ်မှာပဲ ရာထနာဌီဘက်ရဲစခန်းမှ ရဲအရာရှိတွေက တရားခံမိန်းကလေးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Uploader 
Photo Credit - Original Uploader 
Photo Credit - Original Uploader 
Photo Credit - Original Uploader 

ဓားပြတိုက် ယူဆောင်ထွက်ပြေးတဲ့ ရွှေကဘတ်(၄)သိန်းဖိုးလောက်ရှိပြီး တရားခံမိန်းကလေးကိုတော့ သက်သေခံပစ္စည်းနဲ့အတူ ရာထနာဌီဘက်ရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် ဈေးဝယ်စင်တာရှိပြည်သူတွေက ထိတ်လန့်ခဲ့ကြပြီး ဓားပြတိုက်သူဟာ မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့်လည်း အံ့ဩနေကြတာ ဖြစ်ပါတယ်။

Photo Credit - Original Uploader 
Photo Credit - Original Uploader 


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T