အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီးတောထဲတောင်ထဲမှာ စစ်ပညာကြိုးစားသင်ယူနေကြတဲ့ PDF စစ်သမီးပျိုတို့ရဲ့လေးစားဖွယ် ဗီဒီယို

//s9.kh1.co/a9/a96c7328fba3075418e672b7095ecdefed1f400f.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအရ လူငယ်တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း ပါ၀င်နေကြပြီး အာဏာရှင်ကိုအမြစ်ဖြုတ်ရန်နဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် အင်တိုက်အားတိုက်ကြိုးစားနေကြတာကိုတွေ့ရပါတယ်။ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူငယ်အတော်များများလည်း လွတ်မြောက်နယ်မြေကိုရောက်ရှိကာ PDFရဲဘော်တွေအနေနဲ့ ခံယူပြီး စစ်ရေးလေ့ကျင့်နေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အရေးတော်ပုံကြီးအောင်မြင်ရေးမှာ ပြည်သူတစ်ရပ်လုံးပါ၀င်ပူးပေါင်းနေကြပြီး အမျိုးသမီးတွေကလည်း ရရာနည်းလမ်းနဲ့ပါ၀င်နေကြပြီး မြေပြင်ဆန္ဒပြသပိတ်တွေမှာသာမက တောထဲတောင်ထဲတွေမှာပါ စစ်ရေးအတွက်ကြိုးစားပြင်ဆင်နေကြပြီး PDF စစ်သမီးပျိုတွေအနေနဲ့ ကြိုးစားနေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုအခါမှာဆိုရင်လည်း လွတ်မြောက်နယ်မြေရောက် တော်လှန်ရေးခေါင်းဆောင်တစ်ဦးဟာ တောထဲမှာ uniform အပြည့်အစုံနဲ့ PDF စစ်သမီးပျိုတွေအနေနဲ့ ခံယူထားကြတဲ့ လေးစားဖွယ်အမျိုးသမီးလေးရဲ့ဗီဒီယိုကို တင်ပေးလာခဲ့ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Ye Min Kyi's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T